ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ အဆိုတော်မလေး ပိုပိုနဲ့ သရုပ်ဆောင်ကိုကိုဦးရဲ့ သားချောလေးဖြစ်တဲ့ တတ်သစ်စ မော်လ်ဒယ်မင်းသားချောလေး သီဟအောင်တို့ကလည်း အပါအဝင်ပါပဲ..။

အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ကိုယ်စီ အခိုင်အမာရရှိထားကြတဲ့ သူမတို့ အနုပညာမောင်နှမနှစ်ယောက်ကတော့ အခုတစ်ခါမှာလည်း အနုပညာအလုပ်တွေကို အတူလက်တွဲလုပ်ဆောင်နေပါတယ်နော်..။


Photo Credit - ဝတ်ရည်မိုး Facebook
Photo Credit - ဝတ်ရည်မိုး Facebook

သီဟအောင်နဲ့ ပိုပိုတို့ကတော့ ချစ်စရာကောင်းပြီး လိုက်ဖက်လွန်းကြတဲ့ မင်္ဂလာမောင်နှံလေးအဖြစ် MTV လေး ရိုက်ကူးနေကြတာဖြစ်ပြီး ရိုက်ကွင်းပေါ်က အမှတ်တရပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် မျှဝေထားပါသေးတယ်..။

အခုတစ်ခါမှာလည်း ကြည်နူးစရာမင်္ဂလာမောင်နှံလေးအဖြစ် သရုပ်ဆောင်ထားကြတဲ့ Tik Tok ဗီဒီယိုလေး လေးကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပြီး ပရိသတ်တွေကို အချစ်ပိုစေပြန်ပါတယ်နော်..။


Photo Credit - ဝတ်ရည်မိုး Facebook
Photo Credit - ဝတ်ရည်မိုး Facebook

ကြည်နူးစရာမင်္ဂလာမောင်နှံလေးအဖြစ် သရုပ်ဆောင်ထားကြတဲ့ သူမတို့ရဲ့ Tik Tok ဗီဒီယိုဖိုင်လေးကိုတော့ ပိုပိုက ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်နော်..။

ချစ်စရာကောင်းနေကြတဲ့ သီဟအောင်နဲ့ ပိုပိုတို့ အနုပညာမောင်နှမရဲ့ ချစ်စရာ Tik Tok ဗီဒီယိုဖိုင်လေးကိုလည်း အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်တာမို့ ပရိသတ်ကြီးများကလည်း ကျေနပ်သဘောကျနေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..။

Photo Credit - ဝတ်ရည်မိုး Facebook
Photo Credit - ဝတ်ရည်မိုး Facebook

Photo Credit - ဝတ်ရည်မိုး Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။