ချစ်ပရိသတ်ကြီးကို ဒီတစ်ပါတ်တင်ဆက်ပေးမှာကတော့ "စနေ၊ တနင်္ဂနွေ အားလပ်ရက်တွေမှာ မိမိရဲ့ ကိုယ်ပိုင်အချိန်လေးကို ဘယ်လိုအကျိုးရှိအောင် အသုံးချမလဲ" ဆိုတဲ့ သတင်းခေါင်းစဉ်လေးအောက်မှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်...။ "weekend" ဆိုတဲ့ စနေ၊တနင်္ဂနွေ ပိတ်ရက် နှစ်ရက်က အစိုးရဌာနတွေနဲ့၊ ဘဏ်တွေမှာရှိကြတာဖြစ်ပါတယ်...။ ကုမ္ပဏီကြီးတွေမှာဆိုရင်တော့ ပျမ်းမျှအားဖြင့် တနင်္ဂနွေတစ်ရက်ပဲ ပိတ်ပြီး စနေကတော့ နေ့တစ်ဝက်ဆင်းရတာရှိသလို၊ တစ်နေ့လုံးဆင်းရတာလည်းရှိပါတယ်...။ ကုမ္ပဏီတစ်ခုနဲ့ တစ်ခုက မတူတာမလို့ ပုံသေတွက်လို့တော့ မရပါဖူးနော်....။

photo credit pngtree

ရုံးကသတ်မှတ်ထားတဲ့ "weekend" ပိတ်ရက်လေးက ဘယ်လိုပဲဖြစ်နေ၊ ဖြစ်နေ စာဖတ်ပရိသတ်ကြီးအနေနဲ့ မိမိရရှိတဲ့ ကိုယ်ပိုင်အချိန်လေးကို အကျိုးရှိစွာ အသုံးချရမှာဖြစ်ပါတယ်...။ လုပ်ငန်းခွင်မှာတိုးတက်မှုတွေရရှိအောင်၊ မိမိရဲ့ "career" နဲ့ပတ်သက်ပြီး တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းနိုင်အောင် ကိုယ့်အလုပ်မှာ တာဝန်ယူလုပ်ကိုင်နေတဲ့ "position" နဲ့ပတ်သက်ပြီး သင်တန်းတွေထက်တက်ခြင်းဖြင့် weekend မှာရရှိတဲ့ ကိုယ်ပိုင် အချိန်လေးကို အကျိုးရှိစွာ အသုံးချလိုက်ခြင်းပဲဖြစ်ပါတယ်...။ အခြားသင်တန်းတွေ၊ ဘာတွေ တက်ဖို့ စိတ်ကူးမရှိရင်တောင် မိမိစိတ်ဝင်စားတဲ့ ဘာသာစကားတစ်ခုခုကို သင်ယူခြင်းဖြင့်လည်း "communication" ကျယ်ပြန့်နှံ့စပ်လာပြီး မိမိဘဝအတွက် အချိန်တွေကို အကျိုးရှိစွာ အသုံးချလိုက်ခြင်းပင်ဖြစ်ပါတယ်...။

photo credit pngtree

တစ်ပတ်လုံး ရုံးတက်လာရတဲ့အတွက်ကြောင့် စိတ်ပင်ပန်း၊ ကိုယ်ပင်ပန်းတာတွေလည်းရှိမှာဖြစ်ပါတယ်...။ ဒါကြောင့်မလို့ အထက်ကဖော်ပြသွားတဲ့အတိုင်း "weekend" တွေမှာရရှိတဲ့ ကိုယ်ပိုင်အချိန်လေးမှာ မိမိဘဝအတွက် အကျိုးရှိတာတွေလုပ်သလို၊ စိတ်ကျန်းမာ၊ ကိုယ်ကျန်းမာရှိဖို့အတွက်လည်း စိတ်ကော၊ ကိုယ်ကော "relax"လုပ်ဖို့ အရေးကြီးပါတယ်...။ ရုပ်ရှင်ကြည့်တာမျိုး၊ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ စုပြီး ဘောလုံးကန်ကြတာမျိုးတွေ၊ gym၊ yoga စတဲ့အားကစားတွေကိုလည်း ပြုလုပ်ပေးဖို့လိုအပ်တာဖြစ်ပါတယ်...။ မိသားစုနဲ့အတူ စနေ၊ တနင်္ဂနွေပိတ်တဲ့ ရက်လေးမှာ မနက်စောစောစီးစီး ဘုရားသွား၊ ကုသိုလ်ကောင်းမှုပြုခြင်းကလည်း စိတ်အေးချမ်းမှုကိုရရှိစေသလို၊ မိသားစုအတွက်လည်း အချိန်ပေးပြီးသားဖြစ်ပါတယ်...။ စာဖတ်ပရိသတ်ကြီးလည်း သာယာကောင်းမွန်တဲ့ weekend လေးပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်...။

photo credit pngtree 

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။