အားပေးမှု မြင့်မားလာသလို ကျရာဇာတ်ရုပ်ကိုအကောင်းဆုံးသရုပ်ဆောင်ပြီး ပရိသတ်လက်ခံလာတဲ့ အေးမြတ်သူ က ဘဝအပေါ်ထားတဲ့အမြင်တွေနဲ့ပတ်သတ်ပြီးမဟာမီဒီယာကို ပြောပြခဲ့ပါတယ်။

"စနစ်တကျစီမံ ရေးဆွဲထားတဲ့ ဘဝမှတ်တမ်းအရ အေးမြတ်သူရဲ့ဘဝဘယ်အသက်အရွယ်မှာ ဘယ်နေရာရောက်ရမယ်ဆိုတဲ့ အနေအထား အလုံးစုံ မပြည့်စုံရင်တောင် တချို့တလေတော့ ပြည့်ရမယ်လို့ယုံကြည်ချက် ထားပါတယ်။ အခုဆိုရင် အသက် သုံးဆယ်ကျော်ဖြစ်လာတဲ့အတွက် ဘဝဟာတည်ငြိမ် အေးချမ်းသင့်ပြီ မိန်းမ တွေဆိုတာအသက်သုံးဆယ်ကျော်ရင် ချို့ယွင်းတာတွေများလာပြီ ခန္ဓာကိုယ် ဝလာတာမျိုးတွေ ကျန်းမာရေး မကောင်းတာတွေဖြစ်လာပြီ။ ခုချိန်မှာတော့အေးမြတ်သူရဲ့ စိတ်တွေသည် လောဘတွေနည်းသွားတယ် အများကြီးလုပ်မဲ့ အစား ကွာလတီကောင်းကောင်းနဲ့လုပ်ချင်လာတယ် အရင်တုန်းကဆိုရင်တော့လောဘကြီးတယ်၊ လုပ်နိုင်သလောက်အကုန်လုပ်တယ်၊ လောဘနည်းတတ်အောင်လဲကျင့်ကြံနေထိုင်တယ် လူဆိုတာ လောဘကြီးလာရင် သိပ်ပြီးပင်ပန်းတယ် လောဘမကြီးချင်တော့ဘူး၊ ကိုယ်ရောက်နေတဲ့ အသက်အရွယ်ကိုလက်ခံနိုင်ရမယ်၊ အေးမြတ်သူ ဖြတ်သန်းလာခဲ့တဲ့ဘဝတစ်လျှောက်မှာ သင့်တင့် လျှောက်ပတ်စွာနေထိုင်ခဲ့တယ်၊ မိတ်ဆွေကောင်းတွေနဲ့လဲတွေ့ခဲ့တယ်။ ကြိုးစားသလောက်လဲ အရာထင်ခဲ့တယ်၊ ကိုယ့်ရဲ့ဘဝကို သဘောကျ ကျေနပ်တယ်။ နောက်ပြီးမိန်းမတစ်ယောက်ဟာ အသက် သုံးဆယ် မှာအိမ်ထောင်ပြုတာအကောင်းဆုံးပါ။ အဲဒီအရွယ် ဆိုရင် ပြီးပြည့်စုံတဲ့ရင့်ကျက်မှုတွေ တွေးခေါ်မှုတွေရှိတယ်။ စဉ်းစားဆင်ခြင်နိုင်တယ် အဲဒီအချိန်မှာအိမ်ထောင်ပြုတာ အမှားအနည်းဆုံးလို့ပြောလို့ရတယ် မိန်းမတစ်ယောက်ဟာ အချိန်တန်ရင်တော့အိမ်ထောင်ပြုကျမှာပဲ၊ ဘယ်လောက်ပဲသိပ်တော်နေပါစေ အချိန်တန်ရင်တော့လင်သားဆိုတဲ့ နောက်ကွယ်မှာ ပံ့ပိုးမှုနဲ့နေရမယ်ဆိုတာကို အေးမြတ်သူ လက်ခံထားတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့မိသားစုဘဝနဲ့ အသက်ကြီးလာရင် ကိုယ့်ရဲ့ဘေးမှာဖေးမပေးမဲ့ လက်တွဲဖော်ဆိုတာလိုအပ်တယ် ကိုယ်မွေးလာမဲ့ကလေးကိုစောင့်ရှောက်ရမယ် အေးမြတ်သူ ကတော့ဒီလိုပဲခံယူထားတယ် " လို့ဆိုပါတယ်။

ကဲပရိသတ်ကြီးရေ…ချစ်တဲ့ အနုပညာရှင်တစ်ယောက်ရဲ့ခံယူချက်ကတော့ မိန်းမသားတွေအတွက်လေးစားစရာပါ။

Source: မဟာမီဒီယာ

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။