လူဆိုတာခံစားတတ်တဲ့နှလုံးသားက မွေးကတည်းကပါပြီးသားပါ။ ဒါပေမယ့် အချို့လူတွေဟာ ဘယ်လောက်ပဲ ခံစားရတဲ့ ကိစ္စမျိူးတွေပဲဖြစ်ဖြစ်တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ကျော်ဖြတ်ကြပါတယ်။ သူတို့ကို စိတ်ဓာတ်မာကျောတယ်လို့ အချို့က ဆိုကြပေမယ့် တကယ်တမ်းက ထိုကဲ့သို့သောလူများဟာ ကိုယ့်စိတ်ကိုယ်နိုင်ပြီး လောကမှာနေတတ်ထိုင်တတ်သူများသာဖြစ်ကြပါတယ်နော်။ ကဲ.... ဒီလိုစိတ်တည်ငြိမ်မာကျောသူတစ်ယောက်ဖြစ်ဖို့ ဘယ်လိုတွေလုပ်သင့်လဲဆိုတာကိုကြည့်လိုက်ရအောင်နော်...

(၁) အားကစား(သို့)လေ့ကျင့်ခန်းလုပ်ပါ။

စိတ်ဓာတ်သန်မာဖို့ဆိုတာ အပြင်ပိုင်းမှာ သန်မာနေမှလည်းပိုအဆင်ပြေမှာပါ။ အပြင်ပန်းကမာနေပြီဆိုရင် စိတ်ထဲမှာ ခံစားရတာတွေကို နဲနဲလောက်ဟန်ဆောင်ပြလိုက်တာနဲ့ မသိသာတော့ပါဘူးနော်။ ပြီးတော့ ဒီလုပ်အားကစားလုပ်ခြင်းဟာလည်း လူကိုတက်ကြွစေတဲ့အတွက် စိတ်ဓာတ်သန်မာအောင်လုပ်တဲ့နေရာမှာအထောက်အကူပြုပေးနိုင်တာကြောင့် အားကစားကိုပုံမှန်လေးလုပ်ပေးသင့်ပါတယ်နော်။

Photo Source: Pngtree

(၂) ဝါသနာပါတာကိုပိုလုပ်ပါ။

ကိုယ့်မှာစိတ်ဓာတ်ကျစရာတွေ စိတ်ညစ်စရာတွေ ခံစားရမယ့်ဟာတွေရှိနေခဲ့မယ်ဆိုရင် အားကစားလုပ်လိုက်တာပဲဖြစ်ဖြစ် ဝါသနာပါတဲ့အရာတစ်ခုခုလုပ်တာပဲဖြစ်ဖြစ် စိတ်နှစ်ပြီးလုပ်မယ်ဆိုရင် ကိုယ်စိတ်နှလုံးပိုပြီးတည်ငြိမ်လာပါလိမ့်မယ်။ တရားထိုင်လို့လည်းရပေမယ့် ကျင့်သားမရသေးရင် စိတ်ကတည်ငြိမ်နိုင်ဖို့ခက်ခဲတဲ့အတွက် ဝါသနာပါတာကိုပဲ အားပြုပြီးလုပ်ဆောင်ပါ။ ကိုယ့်ဘာလုပ်ရတာဝါသနာပါလဲဆိုတာကို သိဖို့တော့ လိုတာပေါ့နော်။

(၃) စာများများဖတ်ပါ။

စာဆိုတာဟာ လူသားတွေအတွက် တတိယမျက်လုံးတစ်လုံးပါပဲနော်။ ကိုယ်မသိတဲ့အရာကိုယ်မမြင်ဖူးတဲ့အရာတွေကို စာဖတ်ခြင်းကအလင်းပြပေးနိုင်ပါတယ်။ ပြီးတော့ လူတွေကို တည်ငြိမ်ရင့်ကျက်တဲ့သူတစ်ယောက်ဖြစ်လာအောင် စာအုပ်စာပေတွေက များစွာအထောက်အကူပြုပါတယ်နော်။ အမှန်တကယ် တည်ငြိမ်ရင့်ကျက်သူတွေအားလုံးဟာလည်း စာဖတ်ရတာ စာရေးရတာတွေကို လုပ်တတ်ကြပါတယ်။ နောက်ထပ်နည်းလမ်းတစ်ခုအနေနဲ့ကတော့ ကိုယ့်ခံစားရတာတွေကို စာရွက်ပေါ်မှာ စိတ်ကြိုက်ရေးသားပြီးလည်း ဖြေဖျောက်လို့ရပါသေးတယ်။

Photo Source: Pngtree

(၄) စကားလုံးတိုင်းကို လိုက်မခံစားပါနဲ့။

တည်ငြိမ်ရင့်ကျက်သူတစ်ယောက်ဖြစ်အောင်နေမယ်ဆိုရင် ဒီအချက်က အရမ်းအရေးကြီးပါတယ်။ တခါတလေ ခံစားကောင်းခံစားမိတတ်ကြပေမယ့် သူများတွေအမြင်မှာ ကိုယ်ဟာအရှုံးသမားတစ်ယောက်ဖြစ်မနေဖို့ဆိုရင် ဒီအချက်ကိုလိုက်နာပေးသင့်ပါတယ်။ တစ်ချို့စကားလုံးတွေဟာ ရင်ထဲထိတာမှန်ပေမယ့်လည်း ဟန်ဆောင်ပေးလိုက်ပါ။ ပြုံးထားလိုက်ပါ။ သင့်ရဲ့စိတ်ကို သင်ပိုင်ပါတယ် ဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့။

(၅) ပုံမှန်လုပ်နေကျအရာတွေကိုပဲဆက်လုပ်ပါ။

နေ့တိုင်းလုပ်နေကျအတိုင်း သမာရိုးကျအလုပ်တွေကိုပဲဆက်လုပ်သွားပါ။ သွားနေကျအတိုင်းသွား စာနေကျအတိုင်းစားပါ။ အပေါ်ကအချက်တွေကို သင်ဂရုတစိုက်လုပ်ထားခဲ့မယ်ဆိုရင် ပုံမှန်နေတတ်သွားတဲ့အတွက် စားချင်သောက်ချင်စိတ်လည်းပျောက်နေမှာမဟုတ်ပါဘူး။ အဓိကကတော့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့ သူတစ်ယောက်အဖြစ်ဆက်လက် လှုပ်ရှားသွားလာနေဖို့ပါပဲ။ ပြီးတော့ ကိုယ့်ရဲ့ အိမ်မက်တွေကိုမမေ့ပါနဲ့နော်....

Photo Source: Pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။