ပရိသတ်ကြီးရေ ချစ်သုဝေရဲ့သမီးချောလေးတွေဖြစ်တဲ့ မေမြန်မာခေတ်နဲ့မြန်မာသစ်တို့ အမွှာညီအစ်မနှစ်ယောက်ကတော့ မွေးစကတည်းကအရမ်းချစ်စရာကောင်းလွန်းလို့ပရိသတ်တွေကအရမ်းချစ်နေရတာဖြစ်ပါတယ်။အခုဆိုရင် ခေတ်နဲ့သစ်တို့ညီအစ်မနှစ်ယောက်လည်း ၂နှစ်ခွဲအရွယ်ကိုရောက်ရှိလာပြီး ကျောင်းလည်းတက်နေပြီဖြစ်ပါတယ်နော်။

Photo Credit:Chit Thu Wai'facebook
Photo Credit:Chit Thu Wai'facebook
Photo Credit:Chit Thu Wai'facebook

မေမေချစ်သုဝေကတော့ သမီးလေးတွေကိုအနီးကပ်ပြုစုစောင့်ရှောက်ကာ ပိုးမွေးသလိုဂရုစိုက်နေတာဖြစ်ပါတယ်။ဖေဖေလင်းလင်းကလည်း အားတဲ့အချိန်တိုင်းမှာ သမီးလေးတွေနဲ့အတူတူဆော့ကစားပေးပြီး ချစ်ဇနီးလေးကိုလည်းကြင်နာယုယပေးတဲ့ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ပါတယ်။ချစ်သုဝေက သမီးလေးနှစ်ဖက်နဲ့ပဲ အနုပညာအလုပ်တွေကို တစ်နိုင်တစ်ပိုင်လုပ်ဆောင်နေတာပါ။

Photo Credit:Chit Thu Wai'facebook
Photo Credit:Chit Thu Wai'facebook
Photo Credit:Chit Thu Wai'facebook

ယခုလက်တလောမှာတော့ ချစ်သုဝေက မိဘတွေအိမ်ကနေ အိမ်ခွဲလာပြီး သူမတို့မိသားစုသီးသန့်နေထိုင်ကြပါတယ်။ခေတ်နဲ့သစ်လေးကတော့ တဖြည်းဖြည်းနဲ့ပိုပိုပြီးချစ်စရာကောင်းလာကြကာ တွေ့မြင်တဲ့သူတိုင်းကချစ်ကြတဲ့ကလေးလေးတွေပါ။အခုဆိုရင်တော့ ခေတ်နဲ့သစ်က မေမေပြင်ဆင်ပေးတဲ့ ညစာလေးကိုအားရပါးရစားသောက်နေတဲ့ဗီဒီယိုဖိုင်လေးကိုမျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Chit Thu Wai'facebook
Photo Credit:Chit Thu Wai'facebook
Photo Credit:Chit Thu Wai'facebook

Source:Chit Thu Wai's Facebook

Video Credit:Chit Thu Wai's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။