Beauty Blogger ဘဝကနေ သရုပ်ဆောင်မင်းသမီးအဖြစ်သို့ကူးပြောင်းလာသူလေးကတော့ ပရိသတ်တွေချစ်စနိုးနဲ့ခေါ်တဲ့ ချီချီပဲ ဖြစ်ပါတယ်။ သူမဟာ လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုများစွာရိုက်ကူးနေရတာပါ။ သူမရဲ့ထိမိလှတဲ့ သရုပ်ဆောင်ချက်တွေကြောင့်လည်း အချိန်တိုတွင်းမှာအနုပညာလောကမှာအောင်မြင်လာသူတစ်ယောက်ပါ။ 

Photo Credit- Nay Chi Oo’s Facebook
Photo Credit- Nay Chi Oo’s Facebook

အဘက်ဘက်မှာတော်လွန်းတဲ့သူ့ရဲ့ကြိုးစားမှုစိတ်ဓာတ်လေးတွေကတော့ပရိသတ်တွေအားကျအတုယူစရာပဲပါ။ ချီချီကတော့ပရိသတ်တွေကိုလှစေချင်ရုံသာမကသူမကိုယ်တိုင်လည်းအလှဆုံးနေထိုင်တက်တဲ့သူတစ်ယောက်ပါ။သူ့ရဲ့ပွင့်လင့်ပြီးဖြူစင်တဲ့စိတ်ထားလေးကြောင့်လည်းပရိသတ်တွေရဲ့အချစ်ကိုအပြည့်ရထားပြီးအောင်မြင်နေတာပါ။

Photo Credit- Nay Chi Oo’s Facebook
Photo Credit- Nay Chi Oo’s Facebook

လွန်ခဲ့တဲ့ နာရီပိုင်းလောက်က သူမရဲ့လူမှုကွန်ယက်မှာ ပို့စ်လေးတစ်ခုတင်ထားတာပါ။ ဒါကတော့ နှင်းဆီပန်းတွေနဲ့အတူ သိန်း ၂၀ ကျော်တန် Hermes တံဆိပ် အိတ်လေးလက်ဆောင်ရရှိတဲ့ ဗီဒီယိုလေးကို သူမရဲ့ Facebook အကောင့်မှာ တင်ထားတာပါ။ ချီချီကတော့ ဘယ်သူလက်ဆောင်ပေးတယ်ဆိုတာတော့ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ပါတယ်နော်။

Source- Nay Chi Oo’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။