ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ အရမ်းချစ်တတ်ပြီးအစစအရာရာဂရုစိုက်တတ်တဲ့ခင်ပွန်းကောင်းကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ဒါရိုက်တာဏကြီးကလည်း ၁၀နှစ်လောက်ငယ်တဲ့ ချစ်ဇနီးချောလေးကို ကလေးလေးတစ်ယောက်လိုစောင့်ရှောက်ပေးနေတာပါ။ပရိသတ်တွေကလည်း ပိုင်ဖြိုးသုတိူ့ဇနီးမောင်နှံကို အရမ်းချစ်ကြပါတယ်။

Photo Credit:Paing Phyo Thu's Facebook
Photo Credit:Paing Phyo Thu's Facebook
Photo Credit:Paing Phyo Thu's Facebook

ဒါရိုက်တာဏကြီးနဲ့ပိုင်ဖြိုးသုတို့က အနုပညာကောင်းတွေကို အစဉ်အမြဲလေ့လာကြိုးစားကြပြီး ပရိသတ်တွေကိုချပြနေတာဖြစ်ပါတယ်။သုသုကလည်း အနုပညာကိုအရမ်းဝါသနာပါတာကြောင့် နယူးယောက်မှာလည်း အနုပညာနဲ့ပက်သက်တဲ့ပညာရပ်ကို လေးပတ်ကြာသင်ကြားခဲ့ပါတယ်။အခုဆိုရင် သုသုလည်း မြန်မာပြန်ကိုပြန်လည်ရောက်ရှိပြီး အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ကိုင်နေပါတယ်။

Photo Credit:Paing Phyo Thu's Facebook
Photo Credit:Paing Phyo Thu's Facebook
Photo Credit:Paing Phyo Thu's Facebook

အခုဆိုရင်တော့ ပိုင်ဖြိုးသုတို့ဇနီးမောင်နှံက တခြားအနုပညာရှင်တွေနဲ့အတူ မော်ဒိုက်ကမ်းခြေကို အပန်းဖြေခရီးထွက်နေပြီး ဇနီးမောင်နှံနှစ်ယောက်က မတွေ့ရတဲ့ရက်တွေကို အတိုးချပြီးချစ်နေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်းသုသုက"ရေကူးဝတ်စ‌ုံနဲ့မို့မတင်တော့ပါဘူးလို့ နေတာကို ဦးရေခဲကနေပူကြီးထဲသူတပင်တပန်းလိုက်ရိုက်ပေးထားရတာ...တင်ပါဆိုလို့ ကြောက်ကြောက်လန့်လန့်နှင့်တင်လိုက်သည်"ဆိုပြီး ရေကူးဝတ်စုံလေးနဲ့ပုံတွေကို မျှဝေလာပါတယ်နော်။

Photo Credit:Paing Phyo Thu's Facebook
Photo Credit:Paing Phyo Thu's Facebook
Photo Credit:Paing Phyo Thu's Facebook

Photo Credit:Paing Phyo Thu's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။