ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ မော်လ်ဒယ်မင်းသားချောလေးတွေဖြစ်ကြတဲ့ ကျော်ထက်ဇော်နဲ့ ပိုင်တံခွန်တို့ကလည်း အပါအဝင်ပါပဲ..။

ပရိသတ်တွေကိုယ်စီနဲ့ အောင်မြင်မှုတွေ ရရှိထားကြတဲ့ သူတို့နှစ်ယောက်ကတော့ မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အများဆုံးရရှိထားကြတဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်တော်လေးတွေပဲ ဖြစ်ပါတယ်..။

Photo Credit - Kyaw Htet Zaw´s Facebook
Photo Credit - Kyaw Htet Zaw´s Facebook၊ Hein Thant´s Facebook
Photo Credit - Kyaw Htet Zaw´s Facebook၊ Hein Thant´s Facebook
Photo Credit - Kyaw Htet Zaw´s Facebook

ပရိသတ်တွေရဲ့ အချစ်တော် မင်းသားချောလေးနှစ်ယောက်ကတော့ လတ်တလောမှာ အခြားအနုပညာရှင်များနဲ့အတူ မော်ဒိုက်ကမ်းခြေကို အပန်းဖြေရောက်ရှိနေကြပါတယ်နော်..။

အော်ဒိုက်ကို ရောက်ရှိနေကြတဲ့ အချစ်တော်လေးနှစ်ယောက်ကိုတော့ အခြားသူငယ်ချင်းတွေကလည့း မွေးနေ့ပွဲလေးအတွက် ကိတ်လေးတွေနဲ့ မွေးနေ့လေး ပြုလုပ်ပေးခဲ့ကြပါတယ်..။

Photo Credit - Kyaw Htet Zaw´s Facebook
Photo Credit - Kyaw Htet Zaw´s Facebook
Photo Credit - Kyaw Htet Zaw´s Facebook
Photo Credit - Kyaw Htet Zaw´s Facebook

မကြာခင်မှာ ကျရောက်တော့မယ့် ပိုင်တံခွန်ရဲ့ မွေးနေ့လေးအတွက်နဲ့ စက်တင်ဘာ(၆)ရက်နေ့လေးကတော့ မင်းသားချောလေး ကျော်ထက်ဇော်ရဲ့ မွေးနေ့လေးဖြစ်တာမို့ သူငယ်ချင်းတွေက မွေးနေ့ကိတ်လေးတွေနဲ့ အမှတ်တရလေး ပြုလုပ်ပေးခဲ့ကြတာ ဖြစ်ပါတယ်..။

ပိုင်တံခွန်ရဲ့ မွေးနေ့အကြိုကိတ်လေးနဲ့အတူ မွေးနေ့ရှင်လေး ကျော်ထက်ဇော်တို့ရဲ့ မွေးနေ့လေးအတွက် ပြုလုပ်ပေးခဲ့ကြတဲ့ ပျော်ရွှင်စရာ အမှတ်တရပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်..။

Photo Credit - Kyaw Htet Zaw´s Facebook
Photo Credit - Kyaw Htet Zaw´s Facebook
Photo Credit - Kyaw Htet Zaw´s Facebook
Photo Credit - Kyaw Htet Zaw´s Facebook

Photo Credit - Kyaw Htet Zaw´s Facebook၊ Hein Thant´s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။