အဆိုတော်မလေး ပိုပိုကတော့ ယနေ့ခေတ်လူငယ်ပရိသတ်တွေကြားမှာ အတော်လေးကို ရေပန်းစားအောင်မြင်နေတဲ့ ပရိသတ်အချစ်တော်တစ်ဦးဖြစ်ပါတယ်။ ''ချစ်ဖူးခဲ့သမျှ'' ဆိုတဲ့ အခွေလေးနဲ့ ပရိသတ်ရင်ထဲရောက်ရှိခဲ့တဲ့ ပိုပိုက အခုချိန်မှာတော့ နာမည်တစ်လုံးနဲ့ ရပ်တည်နေနိုင်ပြီ ဖြစ်ပါတယ်။ ပိုပိုက အချစ်၊အလွမ်း၊အဆွေးစတဲ့ သီချင်းအမျိုးအစား စုံစုံလင်လင်ကို ကိုယ်တိုင်ရေးစပ်သီဆိုလေ့ရှိသူလည်း ဖြစ်ပါတယ်။

Photo Credit -ဝတ်ရည်မိုး's Facebook
Photo Credit -ဝတ်ရည်မိုး's Facebook
Photo Credit -ဝတ်ရည်မိုး's Facebook

လက်ရှိမှာတော့ ပိုပိုက တေးသီချင်းအသစ်လေးတွေကို ဆက်တိုက်ဖန်တီးနေသလို သရုပ်ဆောင် ကိုကိုဦးရဲ့သားလေး သီဟအောင်နဲ့လည်း Music Video တစ်ခုရိုက်ကူးနေပါတယ်။ပိုပိုက မင်းသွေးခန့်၊ သီဟအောင်တို့နဲ့အတူ ''Marry Me'' ဆိုတဲ့သီချင်းလေးကို ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။

Photo Credit -ဝတ်ရည်မိုး's Facebook
Photo Credit -ဝတ်ရည်မိုး's Facebook
Photo Credit -ဝတ်ရည်မိုး's Facebook

အခုလည်း ပိုပိုက'' ဘယ်နေရာသွားသွား ကိုယ် နဲ့ မကင်း နိုင်တာ အစားအသောက်ပါပဲ ဝက်ကလေးနှင့် သူ၏မိတ်ဆွေများ ပုံအကြွေးလေးတွေ တင်လိုက်ပြီ '' ဆိုပြီး ပုံလေးတွေကို တင်ထားပါတယ်။ ပိုပိုက မင်းသွေးခန့်၊ သီဟအောင်တို့နဲ့အတူ အမှတ်တရပုံလေးတွေကို မျှဝေလိုက်တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ပိုပိုနဲ့ သီဟအောင်တို့ရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit -ဝတ်ရည်မိုး's Facebook

Photo Credit -ဝတ်ရည်မိုး's Facebook
Photo Credit -ဝတ်ရည်မိုး's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။