ပရိသတ်တွေချစ်ခင်အားပေးကြရတဲ့ အဆိုတော်ရွှေထူးနဲ့ ရုပ်ရှင်မင်းသမီးချောလေး ရွှေမှုံရတီတို့ဇနီးမောင်နှံဟာဆိုရင် အရမ်းလိုက်ဖက်ညီလှတဲ့စုံတွဲလေးပဲဖြစ်ပါတယ်။ရွှေမှုံရတီက အသက်၂၂နှစ်အရွယ်နဲ့ အနုပညာလောကမှာ အောင်မြင်မှုတွေရရှိနေပြီး ရွှေထူကလည်း ပရိသတ်အများအပြားကိုပိုင်ဆိုင်ထားတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်နော်။

Photo Credit:Shwe Hmone Yati's Facebook
Photo Credit:Shwe Hmone Yati's Facebook
Photo Credit:Shwe Hmone Yati's Facebook

အခုနောက်ပိုင်းမှာ ရွှေထူးကလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်လာပြီး တက်သစ်စမင်းသားဆိုပေမယ့် ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်နိုင်ပါတယ်။ချစ်ဇနီးချောလေး ရွှေမှုံကလည်း ရွှေထူးကို အကြံဉာဏ်တွေပေးပြီး ဘေးကနေပံ့ပိုးပေးတဲ့ဇနီးကောင်းလေးဖြစ်ပါတယ်။ပရိသတ်တွေကလည်း ရွှေရွှေစုံတွဲလေးကို အရမ်းချစ်ပြီးအားပေးကြတာပါနော်။

Photo Credit:Shwe Hmone Yati's Facebook
Photo Credit:Shwe Hmone Yati's Facebook
Photo Credit:Shwe Hmone Yati's Facebook

ရွှေထူးကတော့ ချစ်ဇနီးလေးကို ကလေးလေးတစ်ယောက်လိုအလိုလိုက်ပြီး ကြင်နာယုယတတ်တဲ့အပြင် ရွှေမံှုစိတ်ကောက်ရင်လည်း မနားတမ်းချော့တဲ့သူဖြစ်ပါတယ်။ရွှေမှုံကလည်း ချစ်ခင်ပွန်းအပေါ်တစ်ခါတစ်လေချွဲပေမယ့် အစစအရာရာဂရုစိုက်တတ်လို့ အိမ်ထောင်ရေးလေးကသာယာလှပတာပေါ့နော်။အခုဆိုရင်လည်း ရွှေထူးက ပန်းစည်းလက်ဆောင်ပေးလို့ ပျော်ရွှင်နေတဲ့ ရွှေမှုံရဲ့ပုံရိပ်လေးကိုမျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Shwe Hmone Yati's Facebook
Photo Credit:Shwe Hmone Yati's Facebook
Photo Credit:Shwe Hmone Yati's Facebook

Photo Credit:Shwe Hmone Yati's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။