အသားမဲပေမယ့် ပတ္တမြားခဲဆိုတဲ့အတိုင်း ဒီပတ္တမြားခဲကတော့ နက်နေတာပဲ။ သူလေးကတော့ မကြာသေးခင်ကမှ အင်တာနက်အသုံးပြုတွေကြားထဲ နာမည်ကြီးလာသူပါ။ အသက် ၂၂နှစ်အရွယ်ရှိ Adau Mornyang အမည်ရတဲ့ တောင်ဆူဒန်မှာမွေးဖွားလာတဲ့ မော်ဒယ်မလေးပဲဖြစ်ပါတယ်။

သူမဟာ သြစတြေးလျနိုင်ငံ ၂၀၁ရမယ်ပြိုင်ပွဲမှာ ဝင်ပြိုင်ရာကနေ လူသိများထင်ရှားလာတာဖြစ်ပြီး သူမရဲ့ မည်းနက်တဲ့အသားအရေ၊ ကြည်ပြီးဝိုင်းနေတဲ့မျက်လုံး၊ ထင်ရှားတဲ့အရပ်အမြင့်တွေကြောင့်သာ လူသိများလာတာမဟုတ်ပါဘူး။ သူမကိုယ်တိုင်ပြောခဲ့တဲ့ မော်ဒယ်မဖြစ်ခင် သူမရဲ့ဘဝနောက်ကြောင်းကြောင့်ပါ လူသိများလာတာပဲဖြစ်ပါတယ်။

သူမဟာ အသက် ၁ရနှစ် အရွယ်မှာတင် အဓမ္မပြု အနိုင်ကျင့်ခံခဲ့ရပါတယ်။ သူမကိုမတော်မတရားကျင့်ခဲ့သူဟာ သူမနဲ့သိကျွမ်းပြီးသား ယောကျာ်းနှစ်ယောက်ဖြစ်ပါတယ်။ ဒယပေမယ့် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ မော်ဒယ်အေဂျင်စီတွေ၊ အလှအပရေးရာစိတ်ဝင်စားသူတွေဟာ သူမရဲ့ရှားပါးအသားအရေနဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံအချိုးအစားကြောင့် သူမကို အားပေးနေလေရဲ့။ 

Source : viral4real

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။