သရုပ်ဆောင် မင်းသမီးချော နန္ဒာလှိုင်ကတော့ ခေတ်တစ်ခါက အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့တဲ့ ပရိသတ်အချစ်တော်တစ်ဦး ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာ သူမတူအောင်ထူးချွန်တဲ့ နန္ဒာလှိုင်က အကယ်ဒမီဆုတွေကိုလည်း ဆွတ်ခူးရရှိခဲ့ပါတယ်။ ယနေ့အချိန်မှာတော့ နန္ဒာလှိုင်က အိမ်ထောင်ကျပြီး အနုပညာအလုပ်တွေကို ရပ်နားထားခဲ့ပါတယ်။

Photo Credit - Nandar Hlaing's FB
Photo Credit - Nandar Hlaing's FB

နန္ဒာလှိုင်က ဇေကမ္ဘာ Company ရဲ့ ဒုဥက္ကဋ္ဌဖြစ်သူ ဦးဇေသီဟနဲ့ အိမ်ထောင်ကျပြီး ဇေဝတီလှိုင်၊ ဇေရတီလှိုင်နဲ့ ဇေမဒီလှိုင်ဆိုတဲ့ သမီးလေးသုံးယောက်ကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ရွှင်စရာကောင်းတဲ့ နန္ဒာလှိုင်တို့မိသားစုလေးကိုတော့ ပရိသတ်တွေက ချစ်ခင်နေရတာ ဖြစ်ပါတယ်။ အခုလည်း ဦးဇေသီဟက နန္ဒာလှိုင်တို့သားအမိနှစ်ယောက်ရဲ့ပုံလေးကို မျှဝေထားပါတယ်။

Photo Credit - Nandar Hlaing's FB
Photo Credit - Zay Thiha'sFB
Photo Credit - Nandar Hlaing's FB

ဦးဇေသီဟက ''ဖုန်းပြောနေတဲ့အမေပေါ်တက်ပြီး TV ကြည့်တဲ့ မယ်ထွေး'' ဆိုပြီး ချစ်ဇနီးနဲ့ သမီးငယ်လေးရဲ့ပုံရိပ်လေးကို တင်ထားတာ ဖြစ်ပါတယ်။ ဒီပုံလေးမှာတော့ သမီးအငယ်ဆုံးလေး ဇေမဒီလှိုင်က မေမေနန္ဒာလှိုင်ရဲ့အပေါ်တက်ပြီး စတိုင်အပြည့်နဲ့ TV ကြည့်နေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကြည်နူးစရာကောင်းတဲ့ နန္ဒာလှိုင်တို့သားအမိရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit -Zay Thiha's FB & Nandar Hlaing 's FB:

Photo Credit - Nandar Hlaing's FB
Photo Credit - Nandar Hlaing's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။