သရုပ်ဆောင် မင်းသားချောလေး ဇေရဲထက်ကတော့ ဗီဒီယိုဇာတ်ကားလေးတွေ စတင်ရိုက်ကူးပြီး အနုပညာလောကကို ဝင်ရောက်လာခဲ့သူ ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်မရွေး သဘာဝကျပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့အပြင် ချောမောခန့်ညားတဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့ ဇေရဲထက်က မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ပိုမိုရရှိထားတာ ဖြစ်ပါတယ်။

Photo Credit -Zay Ye Htet 's Facebook
Photo Credit -Zay Ye Htet 's Facebook

ဇေရဲထက်က သူရဲ့လှုပ်ရှားမှုလေးတွေကို ပရိသတ်တွေသိရှိစေဖို့ လူမှုကွန်ယက်စာမျက်နှာထက်မှာ အမြဲမျှဝေပေးလေ့ရှိတာ ဖြစ်ပါတယ်။ မနေ့ကတော့ ဇေရဲထက်က သူချစ်ရတဲ့အဘွားဖြစ်သူရဲ့ ခြေရာကိုယူဖြစ်ခဲ့ကြောင်း ပြောပြခဲ့ပါတယ်။ အဘွားက ဇေရဲထက်ကို ငါးလသားအရွယ်လေးကတည်းက ပြုစုစောင့်ရှောက်ပေးခဲ့ကြောင်းကိုလည်း သူကပြောပြခဲ့ပါသေးတယ်။

Photo Credit -Zay Ye Htet 's Facebook
Photo Credit -Zay Ye Htet 's Facebook
Photo Credit -Zay Ye Htet 's Facebook

ဇေရဲထက်က ''၅လသားကတည်းက ပြုစုစောင့်ရှောက်ပေးတဲ့ အရမ်းချစ်တဲ့အဘွားရဲ့ ကိုယ်ပွားအဖြစ်ခြေထောက်ရာလေးလိုချင်လို သေချာဂရုစိုက်ပြီး အိမ်အထိလာရောက် ပုံတူယူပေးသော craft loversကိုအထူးကျေးဇူးပါ'' ဆိုပြီး ပုံလေးတွေကိုတင်ထားတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဇေရဲထက်တို့မြေးအဘွားနှစ်ယောက်ရဲ့ကြည်နူးပီတိဖြစ်ဖွယ် ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit -Zay Ye Htet 's Facebook 

Photo Credit -Zay Ye Htet 's Facebook
Photo Credit -Zay Ye Htet 's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။