သြစတြေးလျမှာ ကျောင်းလဲတက်၊ မော်ဒယ်အေဂျင်စီတစ်ခုနဲ့လဲ အလုပ်တွေလက်တွဲလုပ်နေတဲ့ မေဂရေစ့်ရဲ့ Moda interviewကနေ ပြောကြားချက်တစ်ချို့ကို ကောက်နုတ်တင်ပြလိုက်ပါတယ်။

" အခု မေဂရေ့စ်က The University of Melbourne မှာ Media & Communication ကိုတက်နေပါတယ်။ Minor ကိုတော့ မေဂရေ့စ် Film Study ကိုလုပ်နေပါတယ်။ အခုမေဂရေ့စ် နောက်ဆုံးနှစ် Last Semester မှာဆိုတော့ မေဂရေ့စ် ဇွန်လကျရင် ဘွဲ့ရတော့မှာပါ။ မေဂရေ့စ်က ရုပ်ရှင်ကို ငယ်ငယ်ကတည်းက စိတ်ဝင်စား တာ။ အထက်တန်းကျောင်းတက်ကတည်းက မေဂရေ့စ် Film Study ယူခဲ့တယ်။ အဲဒါကြောင့်လည်း ၀ါသနာပါလွန်းလို့ကို Minor လုပ်တာပါ။ လာမယ့် ဇွန်ဆိုရင် မေဂရေ့စ်ကျောင်းပြီးပါပြီ။ ပြီးရင် ရန်ကုန်ကို ပြန်လာပါမယ်။  အဲဒီအခါရန်ကုန်မှာ အချိန်ပြည့်လည်းနေဖြစ်မယ်။ မေဂရေ့စ်ကလည်း သရုပ်ဆောင်ကို အရမ်းဝါသနာပါတာဆိုတော့ အခွင့်အရေးရရင်အရမ်းလုပ်ချင်ပါတယ်။ "

သြစတြေးလျမှာ မော်ဒယ်လုပ်နေတဲ့အကြောင်းနဲ့ပတ်သတ်ပြီး မေဂရေ့စ်မှ..

" FRM ကိုတော့ မေဂရေ့စ် မနှစ်တုန်းက ရန်ကုန်ပြန်မလာခင်တုန်းက စတွေ့ခဲ့တာပါ။ အခုမေဂရေ့စ် ပြန်ရောက်တော့ သူတို့နဲ့ ပြန်တွေ့ဖြစ်တယ်။ အလုပ်တွေစလုပ်ဖို့လည်း စကားတွေပြောထားတာရှိပါတယ်။ Upcoming Project တွေရှိခဲ့ရင် မေဂရေ့စ် အားလုံးကို ပြောပြချင်ပါတယ်။ အားပေးကြဖို့ မျှော်လင့်ပါတယ်။အလုပ်ကတော့ မလုပ်ရသေးပါဘူး။ FRM ကိုလည်းဒီတစ်ခေါက်ပြန်လာမှစကားပြောဖြစ်တယ်လေ။ ဒါပေမဲ့ မေဂရေ့စ်က Casting တွေသွားတယ်။ Casting သွားတ ဲ့ အတွေ့အကြုံကတော့ မေဂရေ့စ်အတွက် လုံးဝအတွေ့အကြုံအသစ်လေးပါ။ ရုပ်ရှင်တွေထဲမှာတွေ့သလိုပဲ သူတို့က ဒီလို ဒီလို Character လိုချင်တယ် ဆိုပြီး စတူဒီယိုထဲခေါ်သွားတယ်။ အဲဒီအထဲမှာလည်း အပြိုင်အဆိုင်တွေ၊ မော်ဒယ်လ်တွေအများကြီးပဲ။ အဲဒီထဲမှာမှ မေဂရေ့စ်တို့ ပရိုဂျူဆာကိုတွေ့တယ်။ ဓာတ်ပုံဆရာတွေနဲ့တွေ့တယ်။ ချက်ချင်းပဲ ကင်မရာရှေ့သွားပြီး ရိုက်ရတယ်။ အဲလိုအတွေ့အကြုံမျိုးအရင်က တစ်ခါမှ မရဖူးဘူး။ မေဂရေ့စ်အတွက် အရမ်းဆန်းသစ်တဲ့အတွေ့အကြုံတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ ဘာတွေကွဲပြားခြားနားလဲဆိုတာပြော ပြဖို့ မေဂရေ့စ်အတွက် ဟိုမှာ အတွေ့အကြုံတွေမရှိသေးပါဘူး။ အရမ်းနည်းပါသေးတယ်။ ဒါပေမဲ့ မေဂရေ့စ်သိသလောက်ကတော့မှာ မြန်မာပြည်က Industry က အရမ်းကိုတိုးတက် ပြောင်းလဲနေတဲ့ Industry တစ်ခုပေါ့။ မေဂရေ့စ်တို့စလုပ်ခဲ့တုန်းက အချိန်တွေနဲ့ယှဉ်ရင် ပြောင်းလဲတိုးတက်လာမှုနှုန်းက အရမ်းကိုပဲမြန်ပါတယ်။ နောက် ၅ နှစ်လောက်ဆိုရင် ဒီ Industry ကြီးဘယ်လိုဖြစ်လာမယ်ဆိုတာ မေဂရေ့စ်အရမ်းစိတ်ဝင်တစားမျှော်လင့်နေပါတယ်။ "

မြန်မာနိုင်ငံသားခံယူထားခြင်းမရှိတဲ့အပေါ် မေဂရေ့စ်မှ

" Myanmar Citizen မရတာကမေဂရေ့စ်ရဲ့ Nationality ကြောင့်မို့လို့ပါ။ မေဂရေ့စ်အဖေက မြန်မာနိုင်ငံသားမဟုတ်ပါဘူး။ အဖေက Austrilian ၊ အမေက မြန်မာပါ။ ဒါကြောင့် နိုင်ငံသားခံယူလို့မရတာပါ။ ခံယူလို့ရမယ်ဆိုရင်တော့ မေဂရေ့စ်မြန်မာနိုင်ငံသားတစ်ယောက်အရမ်းဖြစ်ချင်တာပေါ့။ မေဂရေ့စ်က မြန်မာပြည်မှာပဲကြီးလာတယ်၊ ဒီမြေ၊ ဒီရေတွေနဲ့ ပဲနွေးထွေးတယ်ခံစားရတယ်။ မြန်မာပြည်မှာပဲနေဖို့လည်း အစီအစဉ်ရှိတယ်။ နိုင်ငံသားဖြစ်ခွင့်ရမယ်ဆိုရင်တော့ အရမ်းလိုချင်တာပေါ့။ "

"အလွမ်းဆုံးအချိန်တွေကတော့ မြန်မာပြည်ကနေ ဒီကိုစလာတဲ့အချိန်မှာ ပိုလွမ်းပါတယ်။ စရောက်တဲ့ တစ်လမှာတော့ အရမ်းကို Homesick ဖြစ်တယ်။ အိမ်ကိုလွမ်းတယ်။ အမေချက်တဲ့ ဟင်းတွေကိုလွမ်းတယ်။ မေဂရေ့စ်က ၄ လတစ်ခါလောက်ပြန်လာတော့ ပြန်လာပြီး ပြန်သွားတဲ့ တစ်လစီတိုင်းမှာ အရမ်းကို Homesick ဖြစ်တယ်။ ပြီးရင် ကျောင်းစာတွေနဲ့ ဘာတွေနဲ့ ပြန်အခြေကျသွားပြန်ရော။ အဲလို တစ်ခေါက်စီ မြန်မာပြည်ကိုလာတယ်။ တစ်ခေါက်စီပြန်တိုင်းမှာ အစကနေ Homesick ပြန်ဖြစ်တယ်။ အခုမေဂရေ့စ် ဒီမှာနေတာ ၃ နှစ်လောက် ရှိပြီ။ ၃ နှစ်မှာ တစ်နှစ်ကို ၂ ခါလောက်တော့ အရမ်းကို Homesick ဖြစ်တယ်။ "

"မေဂရေ့စ်အခု အနုပညာအလုပ်တွေ တောက်လျှောက် စိတ်ရောကိုယ်ပါ မလုပ်နိုင်ဘူး၊ ကျောင်းတစ်ဖက်နဲ့လုပ်နေရတာကိုတောင် မေဂရေ့စ်ကို အားပေးတဲ့သူတွေ၊ ချစ်ကြတဲ့သူတွေကို ကျေးဇူးအများကြီးတင်ပါတယ်။ မေဂရေ့စ်ကျောင်းပြီးတဲ့အခါ ရန်ကုန်ပြန်လာပြီး အနုပညာအလုပ်တွေကို ရာနှုန်းပြည့် ကြိုးစားလုပ်သွားပါ့မယ်လို့ပြောချင်ပါတယ်။ အခုလို အားပေးတဲ့သူတွေ ချစ်တဲ့သူတွေကို မေဂရေ့စ်ကလည်း အရမ်းချစ်ပါတယ်ဆိုတာပြောချင်ပါတယ်။" 

Source : MODA interview

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။