ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးချောတွေဖြစ်ကြတဲ့ စိုးမြတ်သူဇာ၊စိုးမြတ်နန္ဒာ၊စိုးပြည့်သဇင်နဲ့ အဆိုတော်စန္ဒီမြင့်လွင်တို့ ညီအစ်မလေးယောက်ကတော့ အရမ်းကိုအားကျဖို့ကောင်းတဲ့ ညီအစ်မတွေဖြစ်ပါတယ်။စိုးညီအစ်မတွေလို့ ပရိသတ်တွေက ချစ်စနိုးနာမည်လေးပေးထားကြပြီး အချင်းချင်းစည်းလုံးကြကာ အပြန်အလှန်ကူညီကြပါတယ်နော်။

Photo Credit:မင်းသမီးပိုးထည်တိုက်'s Page
Photo Credit:မင်းသမီးပိုးထည်တိုက်'s Page
Photo Credit:မင်းသမီးပိုးထည်တိုက်'s Page

စိုးမြတ်သူဇာကတော့ အမကြီးအမိရာပီပီ ညီမတွေနဲ့မိသားစုအပေါ်မှာ အားကိုးရတဲ့သူတစ်ယောက်အဖြစ် အစစအရာရာဂရုစိုက်ပေးတတ်ပါတယ်နော်။စိုးမြတ်နန္ဒာ၊စိုးပြည့်သဇင်နဲ့စန္ဒီမြင့်လွင်တို့ကလည်း ချစ်မကြီးစကားနားထောင်ကြတာဖြစ်လို့ အရမ်းပျော်ရွှင်စရာကောင်းလှပါတယ်နော်။စိုးညီအစ်မလေးယောက်ကတော့ လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေကြပါတယ်။

Photo Credit:မင်းသမီးပိုးထည်တိုက်'s Page
Photo Credit:မင်းသမီးပိုးထည်တိုက်'s Page
Photo Credit:မင်းသမီးပိုးထည်တိုက်'s Page

စိုးမြတ်သူဇာတို့ညီအစ်မတွေက လေးယောက်ပေါင်းပြီး"မင်းသမီးပိုးထည်တိုက်"ဆိုတဲ့ ဆိုင်လေးကိုဖွင့်လှစ်ထားကြပါတယ်။အားလပ်ရက်တွေမှာတော့ တစ်ယောက်တစ်လှည့် ဆိုင်ထိုင်ကြပြီး တစ်ခါတစ်လေလည်း ညီအစ်မလေးယောက်လုံးဆိုင်ထိုင်ကြပါတယ်။စိုးညီအစ်မတွေက မျက်နှာပေါက်ချင်းလည်းဆင်ကြပြီး တစ်ယောက်တစ်မျိုးမရိုးတဲ့အလှတရားတွေနဲ့ ကျက်သရေရှိနေတဲ့ ညီအစ်မလေးယောက်ရဲ့ပုံရိပ်လေးတွေကိုပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:မင်းသမီးပိုးထည်တိုက်'s Page
Photo Credit:မင်းသမီးပိုးထည်တိုက်'s Page
Photo Credit:မင်းသမီးပိုးထည်တိုက်'s Page

Photo Credit:မင်းသမီးပိုးထည်တိုက်'s Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။