ယွန်းဝတီလွင်မိုးကတော့တစ်ခေတ်တစ်ခါတုန်းကပရိသတ်တွေကြားမှာရေပန်းစားအားပေးမှုများတဲ့သူတစ်ယောက်ပါ။ ဒါ့အပြင် ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ဆွဲဆောင်မှုတဲ့ အလှလေးတွေကြောင့် ပုရိသတွေအတွက် စွဲမက်စရာ ကောင်မလေး တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အသည်းကျော်လေးဆိုလဲမမှားပါဘူး။ ယခုချိန်မှာတော့ ချစ်စရာသားလေးရဲ့ မေမေ တစ်ဦးဖြစ်လာပြီ ဖြစ်ပြီး အေးချမ်းပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူလေး ဖြစ်နေပါပြီ။

Photo Credit- Yunwaddy’s Instagram
Photo Credit- Yunwaddy’s Instagram

ခေးလေးဟာ သားလေးကိုခေတ္တခွဲခွာကာ သြစတေးလျနိုင်ငံတွင် ခင်ပွန်းသည်နဲ့အတူ ကျောင်းသွားတက်နေတာပါ။ သားလေးကိုတော့ နှစ်ဘက်အဖိုးအဖွားများက ပြုစုစောင့်ရှောက်နေတာပါ။ သားလေးရဲ့လှုပ်ရှားမှုဗီဒီယိုလေးတွေကိုလည်း အဖွားဖြစ်သူရဲ့Facebook Account မှာတင်လေ့ရှိတာပါ။ 

Photo Credit- Yunwaddy’s Instagram
Photo Credit- Yunwaddy’s Instagram

အခုမှာလည်း မြေးလေးဖြစ်သူမွေးခါကအချိန်က ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို အခုလိုပဲရေးသားထားတာပါ။ " သည်းလေကို ဒီလိုခိုက်ခိုက်တုန်အောင်ချမ်းတဲ့အချိန်မှာမွေးခဲ့တာပေါ့ သည်းလေးအသားဝါလို့ ဆေးရုံမှာ ၈ ရက်တိတိမီးပြဖို့ special care ထဲမှာထားခဲ့ရတယ်

မေမေကမနက်တစ်ခါ နေ့လည်တစ်ခါ နို့ညှစ်ပြီး သည်းလေးကို တိုက်ဖို့ ဖွါးဖွါးနဲ့အတူသွားပို့ရတယ်။ Uber နဲ့တစ်လှည့် tram နဲ့တစ်လှည့်ပေါ့ သွေးနုသားနု နဲ့ခိုက်ခိုက်တုန်နေခဲ့တာ မိဘမေတ္တာအပြည့်နဲ့ပေါ့သည်းလေးရယ်။ “ ဆိုပြီး ရေးသားထားတာလေးကို ပရိသတ်ကြီးအတွက် တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - May Thu Facebook Account 

Photo Credit- Yunwaddy’s Instagram
Photo Credit- May Thu’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။