ပိုပိုကတော့ အချစ်သီချင်းကောင်းကောင်းလေးတွေနဲ့ ပရိသတ်ရင်ကိုလှုပ်ခတ်စေနိုင်တဲ့ အဆိုတော်မလေးတစ်ဦး ဖြစ်ပါတယ်။ သီချင်းစာသားအလန်းလေးတွေကို ကိုယ်တိုင်ရေးစပ်သီဆိုလေ့ရှိတဲ့ ပိုပိုက ယနေ့အချိန်အထိ သီချင်းတွေအများကြီး ထွက်ရှိခဲ့ပြီးပြီ ဖြစ်ပါတယ်။ အခုချိန်မှာဆိုရင် ပိုပိုက မြန်မာနိုင်ငံအနှံ့ ပွဲတော်တော်များများမှာ လိုက်လံသီဆိုဖျော်ဖြေနေရတာ ဖြစ်ပါတယ်။

Photo Credit -Po Po's Facebook
Photo Credit -Po Po's Facebook
Photo Credit -Po Po's Facebook
Photo Credit -Po Po's Facebook

ဒီရက်ပိုင်းမှာတော့ ပိုပိုတစ်ယောက် သီချင်းဗီဒီယိုအသစ်လေးတွေ တစ်ပုဒ်ပြီးတစ်ပုဒ် ဖန်တီးနေတာ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ပိုပိုက ခမ်းနားလှပတဲ့ဖက်ရှင်လေးနဲ့ Mytel ရဲ့ပွဲအခမ်းအနားကို တက်ရောက်လာခဲ့ပါတယ်။ ပိုပိုက လိမ္မော်ရောင်ပွဲတက်ဝတ်စုံလေးနဲ့ လူတကားကြားမှာ ပေါ်လွင်တောက်ပနေတာပဲ ဖြစ်ပါတယ်။

Photo Credit -Po Po's Facebook
Photo Credit -Po Po's Facebook
Photo Credit -Po Po's Facebook
Photo Credit -Po Po's Facebook

ပိုပိုက ''ရူးလောက်တဲ့ သူရဲ့ အကြည့်တွေနဲ့ စူးရှတဲ့ သူ့မျက်လုံးတွေရယ် အိုကွယ် မှော် ဆရာမ လေးလား '' ဆိုပြီး ပွဲတက်ပုံလေးတွေကို မျှဝေထားတာ ဖြစ်ပါတယ်။ ပိုပိုက '' Mytel '' ရဲ့ ''Customer Experience Center Grand Opening '' ပွဲလေးကို ကောင်းပြည့်၊တိုင်ရွန်၊ သန္တာဗိုလ်တို့နဲ့အတူ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အဆိုတော်မလေး ပိုပိုရဲ့ပွဲတက်ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo Credit -Po Po's Facebook

Photo Credit -Po Po's Facebook
Photo Credit -Po Po's Facebook
Photo Credit -Po Po's Facebook
Photo Credit -Po Po's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။