ချစ်သူရှိပြီးသားကော မရှိသေးတဲ့သူတွေအတွက်ကော သိကိုသိထားရမယ့် မေလအတွက် အချစ်ရေးဟောစာတမ်း။

မိဿရာသီ - ARIES ( မတ်လ ၂၁ မှ ဧပြီလ ၂၀ ကြား)

အညံ့အဆိုးမှန်သမျှကင်းစင်၍ စိတ်ချမ်းမြေ့စရာများဖြစ်ပေါ်မည်။ အရာရာအဆင်ပြေသောအနေအထားကောင်းများရှိမည်။ လွန်စွာစန်းပွင့်မည်။ အချစ်ရေးရာ၊ မေတ္တာရေးရာ အဖြာဖြာ တွင်အပြည့်အဝနားလည်မှုရှိသူနှင့်ကြုံမည်။ ကိုယ်ကလည်းသူတစ်ပါးအပေါ် နှစ်နှစ်ကာကာမေတ္တာထားခြင်းရှိမည်။ ကိုယ့်အပေါ်အမှန်တစ်ကယ်မေတ္တာရှိသူနှင့်လည်းကြုံတွေ့မည်။ ချစ်သူမရှိ  သူများအဖို့၊ ရုတ်တရက်မထင်မှတ်ဘဲ အချစ်ရေး၊ မေတ္တာရေးကိစ္စဖြစ်ပေါ်မည်။ နှစ်ဦးအကြားအပြန်အလှန် စိတ်ညိုညင်သူများအဖို့ အမျိုးသမီးမိတ်ဆွေအကြီးအကဲတစ်ဦးက ကြားဝင် ဖြန်ဖြေ ပေးခြင်းကြောင့် အရာရာအဆင်ပြေခြင်းများရှိလာမည်။

ယတြာ- ဆံပင်ပုံစံမှအစ ဆင်ယင်ထုံးဖွဲ့မှုဟန်ပန်ကို ပြုပြင်ပြောင်းလဲလိုက်ပါ။

ပြိဿရာသီ - TAURUS ( ဧပြီလ ၂၁ မှ မေလ ၂၁ကြား)

ရှိရင်းစွဲမေတ္တာရေးကိစ္စအပေါ် ဝေခွဲမရ၊ ချီတုံ၊ ချတုံဖြစ်နေသည်။ ချစ်မိသည်မှာ မှားသယောင်ခံစားနေရမည်။ နှလုံးသားခံစားချက်နှင့်ဦးနှောက်Óဏ်ချင့်ချိန်မှုနှစ်ခုအကြား ရှေ့မတိုးသာ၊ နောက်မဆုတ်သာ ဖြစ်နေမည်။ ချစ်သူအပေါ် အားမလို၊ အားမရစိတ်များပေါ်ပေါက်နေမည်။ ပတ်ဝန်းကျင်၏ဝေဖန်မှုစကားများကို နှလုံးသွင်းခံစားနေမည်။ ကိုယ်တိုင်ဖွင့်မပြောဘဲ၊ ထိန်ချန်ထားသည်။ အတိတ်ကာလမှ အကြောင်းအရာများအား တစ်ခြားသူကပြောမှသိရသော အနေအထားကြုံမည်။ လှည့်စားခြင်း၊ လိမ်ညာခြင်းမဟုတ်လင့်ကစား၊ အမှန်တရားအပေါ် ကွယ်ဝှက်ခြင်းအား စိတ်ခုရလိမ့်မည်။ ပြည်ပနှင့်ဆက်နွယ်သော အခွင့်အလမ်းပေါ်ထွန်းမည်။ အရပ်တစ်ပါးမှသူတို့နှင့် မေတ္တာရေးပေါ်ထွန်းမည်။

ယတြာ-ေြွကပန်းအိုးအဖြူအတွင်း စပိုက်ဒါသစ်ခွအဝါကိုထိုး၍မိမိအနီးအပါးတွင် ထားရှိပါ။

မေထုန်ရာသီ - GEMINI ( မေလ ၂၂ မှ ဇွန်လ ၂၁ ကြား)

အချစ်ရေး၊ အချစ်ရာ ကိစ္စတို့တွင် ပိတ်ဆို့လွှမ်းမိုးနေသော မေတ္တာရေးရာ အနှောင့်အယှက်များ တစ်စစကွယ်ပျောက်သွားမည်။ လိုလားသော စိတ်ဆန္ဒပြီးမြောက်ပြည့်စုံစေသော၊ အချစ်ကံကောင်းခြင်းများရှိမည်။ ဝေးကွာနေသောသူများနှင့်ပြန်လည်ဆုံဆည်းခြင်း၊ အေးချမ်းသောမေတ္တာ၏အနှစ်သာရ၊ အကျိုးဆက်တို့ကို ထင်ရှားစွာခံစားရရှိမည်။ ကိုယ့်အပေါ်တည်ကြည်ခိုင်မြဲ စစ်မှန်သော မေတ္တာရှိသူနှင့် အဆင်ပြေသောအခြေအနေကိုကြုံမည်။ အချစ်ရေးကို စိတ်မဝင်စားဘဲ သီးသီးသန့်သန့်နေသောသူများပင်လျှင် ထူးခြားစွာဆန်းပွင့်ခြင်းများဖြစ်မည်။ အမည်တွင် ( အ၊ ဥ၊ သ၊ ဟ) ပါသူများနှင့် မေတ္တာမျှနေသူများကြောင့် စိတ်သောကရောက်ရခြင်းများဖြစ်ပေါ်မည်။ အချစ်ရေးဆိုသူ၏ နှုတ်ခမ်းတွင်ဖြစ်စေ၊ ဂုတ်ပိုးတွင်ဖြစ်စေ မှည့်ပါက ဖူးစာရှင်မှန်၏။

ယတြာ- ခရု၊ ကနုကမာ၊ ပုလဲစသည့် ပင်လည်ထွက်ပစ္စည်းတစ်စုံတစ်ရာနှင့် ပြုလုပ်ထားသော အရုပ်တစ်ရုပ်အား မိမိအနီးအပါးတွင်ထားရှိပါ။

ကရကဋ္ဋ်ရာသီ - CANCER ( ဇွန် ၂၂ မှ ဇူလိုင် ၂၂ကြား)

အရှုပ်အထွေးများ၊ ပဋိပက္ခများ၊ လွှမ်းမိုးနေသည်။ ဆုံးဖြတ်ချက်များမှားယွင်းတက်သည်။ ရင်းနှီးသောသူများနှင့်စကားများရတက်သည်။ ဝေဖန်နှောင့်ယှက်သူများရှိနေသည်။ အချိန်ယူ၍စနစ်တကျ စီစဉ်ထားသည်များ တစ်ခုမှဖြစ်မလာ၊ တည်မြဲမှုမရှိသော ယာယီအချစ်ရေးကိစ္စများပေါ်ထွန်းနေမည်။ အများမှ ဆိုးသူတစ်ယောက်ဟူ၍သတ်မှတ်ထားသည့် သူအပေါ် စိတ်ညွှတ် မေတ္တာထားမည်။ အားနည်းသောဘက်မှရပ်တည်ရင်း၊ ကိုယ်တိုင်အချစ်မှားခြင်းများဖြစ်တက်သည်။ မှားမှန်းသိလျက်၊ ဇွတ်ရှေ့တိုးသောအချစ်စိတ်ရိုင်းဝင်တက်သည်။ ရုတ်တရက်ဖြစ်ပေါ်လာသော နှလုံးသား လှုပ်ခါတောင်းဆိုမှုအပေါ်တုံ့ပြန်ခြင်းမပြုသင့်။

ယတြာ- အပြာရောင်မျက်နှာသုတ်ပုဝါကိုသုံးစွဲပါ။

သိဟ်ရာသီ- LEO ( ဇူလိုင်လ ၂၃ မှ ဩဂုတ်လ ၂၃ ကြား)

ခံစားချက်နှင့်ခံယူချက်အပြောင်းအလဲများဖြစ်ပေါ်မည်။ အသစ်ဖြစ်တည်နေသော ဝန်းကျင်နှင့် ဆက်စပ်မှုအားကောင်းလာသည်နှင့်အမျှ၊ တစ်စတစ်စညှိုးမှိန်သွားမည်။ ဖူးစာစစ်မှန်သော ချစ်သူရှိသူမှ တစ်ပါးအခြားသူတို့၏အချစ်ဘဝတွင် ချစ်သူဟောင်းကို ကျောခိုင်း၍အချစ်သစ်သို့ကူးပြောင်းခြင်းဖြစ်ပေါ်တက်သည်။ ဆုံးဖြတ်ချက်များမှန်ကန်မည်။ အမှန်တစ်ကယ်နားလည်သဘောပေါက်သူတို့နှင့်တွေ့ ကြုံမည်။ ပျိုရွယ်သူများအဖို့ ကာလရှည်ကြာ နီးစပ်မှုရှိနေသူကိုကျော်၍အချိန်တိုအတွင်း ကမ်းလှမ်းသူအပေါ် အချစ်တုံ့ပြန်လိမ့်မည်။ ဆက်စပ်ပေါင်းစည်းမှုဖြစ်လာလိမ့်မည် ဟူ၍လုံးဝမျှော်မှန်းခြင်းမရှိသောအချစ်ရေးကိစ္စများကြုံမည်။

ယတြာ-အသဲနှလုံးပုံပါသော ကီးချိန်းကိုသုံးပါ။

ကန်ရာသီ- VIRGO ( ဩဂုတ်လ ၂၄ မှ စက်တင်ဘာလ ၂၂ ကြား)

ကိုယ်မပြောသောစကား ပြောသယောင်၊ ကိုယ်မပြုသောအရာ ပြုသယောင်၊ ဖြေရှင်းစရာများကြုံမည်။ စကားရှုပ်ထွေးသူများနှင့် ဝန်းကျင်တွင်ရှိနေသည်။ ဆန့်ကျင်ဘက်ပြုလိုသော စိတ်များ၊ တစ်ဇွတ်ထိုးဆောင်ရွက်လိုစိတ်များ အလွယ်တစ်ကူဖြစ်ပေါ်နေသည်။ ဘူ့ ဂွဂလန့် ပြောလိုစိတ်များပေါ်ပေါက်နေပြီး ပြဿနာဟောင်းများ၊ ပြန်လည်ဖြေရှင်းရတက်သည်။ ချစ်သူဟောင်း၏ စိတ်အနှောင့်အယှက်ပေးမှုကိုပြန်လည်ရင်ဆိုင်ရမည်။ ခိုက်ရန်ပဋိပက္ခဖြစ်ခြင်းရှောင်ပါ။ အသေးစားပြဿနာမှသည် ကြီးမားသော ပြဿနာအသွင်ဆောင်ကာ စကားအမှားများပြောမိခြင်း၊ အတ္တမာနများယှဉ်ပြိုင်ခြင်းကိုကြုံကာ ထာဝရလမ်းခဲါရသောအခြေအနေထိကျရောက်နိုင်သည်။

ယတြာ- မကြာခဏ ဘုရားတွင်သစ္စာပန်းကပ်လှူပါ။

တူရာသီ - LIBRA ( စက်တင်ဘာလ ၂၃ မှ အောက်တိုဘာလ ၂၃ ကြား)

အချစ်ရေး၊ မေတ္တာရေး၊ အခက်အခဲမှန်သမျှကင်းဝေးမည်။ ယခင်ဆက်တိုက်ဖြစ်နေသော ပြဿနာမှန်သမျှ၊ လွတ်ကင်း၍ စိတ်ချမ်းမြေ့စရာများ၊ ဖြစ်ပေါ်မည်။ ကိုယ့်အပေါ်နားလည်မှုအပြည့်အဝရှိ၍ရေရှည်ခိုင်မြဲသော မေတ္တာနှင့်မပျက်မယွင်းချစ်ခြင်းမေတ္တာဖြစ်တည်မှုရှိမည်။ အချစ်ရေး၊ အချစ်ရာကိစ္စတို့နှင့်အလှမ်းဝေးနေသော အရွယ်လွန်လူလွတ်များပင်လျှင် လွန်စွာဆန်းပွင့်လိမ့်မည်။ ရုတ်တစ်ရက်ပေါ်ပေါက်သော မေတ္တာရေးတို့သည်လည်း၊ ခိုင်မာသောအချစ်ဘဝကိုဖြစ်ထွန်းစေလိမ့်မည်။ လုပ်ငန်းခွင်၌ဖြစ်စေ၊ ပညာသင်တန်း၌ဖြစ်စေ၊ နီးစပ်မှုရှိသောသူများနှင့်လည်း၊ မေတ္တာရေးကိစ္စပေါ်ထွန်းမည်။ ဖူးစာရှင်မှန်လျှက်၊ အနှောင့်အယှက်များကြောင့် ကွဲကွာနေသောချစ်သူနှင့်လည်း ပြန်လည်သင့်မြတ်အဆင်ပြေမည်။

ယတြာ- သုံးစွဲဝတ်ဆင်နေသည့်လက်ပတ်နာရီကိုဘယ်ညာလွှဲပြောင်း၍ပတ်ပါ။

ဗြိစ္ဆာရာသီ - SCORPIO ( အောက်တိုဘာလ ၂၄ မှ နိုဝင်ဘာလ ၂၂ ကြား)

အချိန်ယူဆုံးဖြတ်ခြင်းထက် ရုတ်ချည်းဆုံးဖြတ်ကာ ဆောင်ရွက်သော ကိစ္စများမှ ကောင်းသောအကျိုးဆက်ဖြစ်ထွန်းမည်။ နားလည်ခွင့်လွှတ်မှု၏အနှစ်သာရကို ကိုယ်တိုင်ခံစားရမည်။ မိသားစုနှင့် မိမိကြားကွာခြားနေသည့်လိုလားမှုများ ဆန္ဒများကိုညှိနှိုင်းနိုင်သောကာလဖြစ်သည်။ ချစ်သူအပေါ်အသိအမှတ်ပြုလက်ခံသည့်အနေအထားကောင်းကိုရရှိမည်။ စိတ်အလိုမလိုက်သင့် ။ တစ်ဦးထက်ပိုသော အချစ်ရေးကိစ္စများပေါ်ပေါက်သွားလိမ့်မည်။ စကားကတိကျွံတက်သည်။ ပြောမှားဆိုမှားဖြစ်တက်သည်။ အလုပ်ပညာနှင့် ဘဝတိုးတက်မှုအပေါ် အချိန်ပေးဆောင်ရွက်ရခြင်းအပေါ် ချစ်သူ၏ညိုညင်မှုကိုကြုံတွေ့ရမည်။ ပျိုရွယ်သူများအဖို့၊ အချစ်ရေးကံကောင်းခြင်းများမရှိသည့်အပြင်၊ အမည်တွင် ( ရ၊ လ၊ ဝ ) ပါသောသူများနှင့် မေတ္တာစန်းပွင့်ခြင်းများဖြစ်မည်။

ယတြာ-ဆံပင်ပုံစံပြောင်းပါ၊ အစိမ်းရောင်းခေါင်းဘီးကိုသုံးပါ။

ဓနုရာသီ - SAGITTARIUS ( နိုဝင်ဘာလ ၂၃ မှ ဒီဇင်ဘာလ ၂၁ ကြား )

နှလုံးသားတွင် တစ်ပြိုင်နက်တည်း အလုအယက်ဝင်လာသော သံယောဇဉ်နှောင်ဖွဲ့မှုများအပေါ် ဝေခွဲရန်ပေါ်ပေါက်နေသည်။ ရပ်တန့်ထားခဲ့သော အတိတ်ကာလမှ မေတ္တာရေးရာကိစ္စတို့ကိုလည်း ပြန်လည်စဉ်းစားရသော အနေအထားရှိမည်။ ရှေ့ဆက်ခြင်းမပြုတော့ဟူ၍ယတိပျက်ဆုံးဖြတ်ထားသော မေတ္တာရေးရာကိစ္စတွင်လည်းရပ်တန့်မရသော အချစ်ရေးကိစ္စဖြစ်ပေါ်မည်။ စန်းပွင့်၍အချစ်ရေးကံကောင်းနေသည့်ကြားမှ စကားများရခြင်း၊ အယူအဆသဘာဝကိူအခြေခံသော ပဋိပက္ခများဖြစ်တက်သည်။ မိသားစုနှင့်မိမိအကြားစကားများစရာများ၊ ပဋိပက္ခများ၊ အချစ်ရေးကိစ္စကိုအခြေခံ၍ဖြစ်မည်။အမျိုးဘာသာကွဲနှင့်မေတ္တာမျှသူများအဖို့၊ နှစ်ဦးကြားပေါ်ပေါက်နေသော အညံ့အဆိုးများ ပပျောက်သွားမည်။

ယတြာ-ရေမွှေးပုလင်းအားအနီရောင်ဖဲကြိုးနှင့်ချီနှောင်ကာ ညာဘက်ပုခုံးတွင် မကြာခဏ ရေမွှေးပက်ဖြန်းပါ။

မကာရရာသီ -  CAPRICORN ( ဒီဇင်ဘာလ ၂၂ မှ ဇန်နဝါရီလ ၂ဝကြား)

တည်ငြိမ်ငြိမ်းချမ်းသော အနေအထားတို့ကိုဖန်တီး၍အောင်မြင်တိုးတက်သောအခြေအနေသို့ရောက်ရှိလာသည်နှင့်အညီ အချစ်မေတ္တာအပေါ်ထားရှိသော အမြင်နှင့်အတွေးအခေါ်တို့အပြောင်းအလဲများရှိမည်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် ရည်ရွယ်ချက်တို့ကို အကောင်အထည်ဖော်နိုင်သကဲ့သို့ အချစ်ရေးတွင် စစ်မှန်သော လမ်းကြောင်းနှင့် စိတ်ချမ်းမြေ့မှုများရရှိမည်။ နှစ်သက်မြတ်နိုးသူများ၊ ဝန်းရံနေသည်။ ခိုင်မာသောဆုံးဖြတ်ချက်များ၊ ချမှတ်နိုင်မည်။ အချစ်ရေးတွင် အပြောင်းအလဲများဖြစ်ပေါ်နေမည်။ ဘဝအတွက် အမှန်တစ်ကယ်ဘက်ညီသောချစ်သူကိုလည်း တွေ့မည်။ ယခင်ပေါ်ပေါက်ခဲ့သော မေတ္တာလမ်းကြောင်းနှင့်မထူးခြားနားသည့် အချစ်ရေးကိစ္စနှင့် ထူးခြားသည့်အပြောင်းအလဲများ၊ အခိုင်အမာပေါ်ထွန်းမည်။

ယတြာ- သုံးစွဲသည့်ပုခုံးသိုင်းလွယ်အိတ်ကိုအသစ်အစားထိုးအသုံးချပါ။

ကုမ်ရာသီ - AQUARIUS ( ဇန်နဝါရီလ ၂၀ မှ ဖေဖော်ဝါရီလ ၁၈ ကြား)

အိမ်မက်မက်လျှင်၊ တွေးလျှင်၊ ထင်လျှင်မှန်မည်။ အထူးသဖြင့်အချစ်ရေးနှင့်ပတ်သက်သည့် ထူးခြားသည့်အိမ်မက်များမြင်မက်မည်။ ပြင်ပတွင်ဖြစ်ပေါ်လာမည့် ကိစ္စအားလုံးတို့ကို အတိတ်နိမိတ်မြင်မက်ခြင်းရှိမည်။ ကာလရှည်ကြာ၊ စိတ်ကူးထားသည့် အချစ်ဘဝစိတ်ကူးများလက်တွေ့ ဖြစ်ပေါ်လာမည်။ တစ်ခုသောအချစ်ရေးကိစ္စကိုပြီးပြတ်အောင်ဆောင်ရွက်နိုင်ခြင်းမရှိမည်။ အခြားသောမေတ္တာရေးကိစ္စသစ်တို့ပေါ်ထွန်းမည်။ နီးစပ်မှုကိုအခြေတည်၍ဘဝတူ ၊ အခြေအနေတူနှင့်ရှေ့ရေးဦးတည်ချက်တူတူတို့နှင့် ပျော်ရွှင်ချမ်းမြေ့စွာ၊ မေတ္တာမျှခြင်းရှိနေသည်။ မနာလိုသူတို့၏ ဘေးစကားအနှောင့်အယှက်နှင့်ဝေဖန်မှု အလုံးစုံတို့ကို နားဝင်ခြင်းမရှိသင့်။ ကိုယ်ဆုံးဖြတ်ထားပြီးမှုအပေါ်၌ရှေ့တိုးဆောင်ရွက်ပါ။

ယတြာ-တယ်လီဖုန်း သို့မဟုတ် ကွန်ပြူတာ၏ ျွှေူ စစေနမ ပေါ်တွင် အဖြူရောင်ကြာပန်းပွင့်ပုံတင်ပါ။

မိန်ရာသီ- PISCES ( ဖေဖော်ဝါရီလ ၁၉ မှ မတ်လ ၂ဝကြား)

စိတ်အနှောက်အယှက်ရှိမည်။ မနာလိုသူများ၊ အပြိုင်အတိုက်အခံများကြားမှ ဘဝကိုဖြတ်သန်းနေရမည်။ အချစ်ရေးမေတ္တာရေးတွင်လည်း၊ စိတ်အနှောင့်အယှက်များရှိမည်။ ဘေးစကားသွေးသားအနှောင့်အယှက်များဝင်မည်။ အပေါင်းအသင်းမိတ်ဆွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခြင်းကြုံမည်။ ချစ်သူကမကြိုက်သောလုပ်ရပ်များလုပ်မိတက်သည်။ ချစ်သူကနှစ်လိုမှုမရှိသောသူကိုမှ ပေါင်းမိတက်သည်။ ပေါ့ပေါ့တန်တန်သဘောထားမှုကြောင့် မေ့လျော့ခြင်း၊ ကတိပျက်ယွင်းခြင်းများဖြစ်တက်သည်။ အလိုက်မသိသောမိတ်ဆွေ၊ သူငယ်ချင်းများ၏ အပြောင်အပျက်ပြောသောစကားများအပေါ် ချစ်သူကစိတ်ဆိုးငြိုငြင်ခြင်းဖြစ်လိမ့်မည်။ စစ်မှန်သော မေတ္တာရှိလျက်၊ အချစ်စိတ်ယိမ်းယိုင်ကာ၊ သံယောဇဉ်အထားမှားခြင်းများဖြစ်တက်သည်။

ယတြာ-သွားပွတ်တံ၊ ကော်ဖီသောက်သည့်ခွက်၊ ထမင်းစားပန်းကန်တို့ကိုအသစ်အစားထိုးသုံးစွဲပါ။

Source : MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။