ပြည်သူချစ်မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ အကယ်ဒမီချစ်စနိုးဦးဟာဆိုရင် ပရိသတ်တွေရဲ့အချစ်များစွာကိုပိုင်ဆိုင်ထားတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်တဲ့ ချစ်စနိုးဦးက ဇာတ်ကားရိုက်တာနည်းနည်းကျဲသွားပြီး သီချင်းဆိုတာနဲ့ကြေည်ငြာတွေသာ လုပ်ဆောင်ဖြစ်နေပါတယ်နော်။

Photo Credit:Chit Snow Oo's facebook
Photo Credit:Chit Snow Oo's facebook
Photo Credit:Chit Snow Oo's facebook

ချစ်စနိုးဦးကတော့ အောက်တိုဘာလထဲမှာ ချစ်ရသူနဲ့မင်္ဂလာပွဲကျင်းပမှာဖြစ်လို့ မကြာခင်မှာ ချစ်စရာသတို့သမီးလေးအသွင်နဲ့မြင်တွေ့ရတော့မှာပါ။ပရိသတ်တွေကလည်း ချစ်စနိုးဦးရဲ့မင်္ဂလာပွဲအခမ်းအနားလေးကို စောင့်မျှော်နေကြပါပြီ။ချစ်စနိုးဦးရဲ့ လှုပ်ရှားမှုတိုင်းကို ပရိသတ်တွေကချစ်ကြတာဖြစ်လို့ သူမဘာလုပ်လုပ် တစ်ခဲနက်ကိုဝန်းရံကြတာပါနော်။

Photo Credit:Chit Snow Oo's facebook
Photo Credit:Chit Snow Oo's facebook
Photo Credit:Chit Snow Oo's facebook

ချစ်စနိုးဦးက နာမည်လေးနဲ့လိုက်အောင် အေးချမ်းတဲ့အလှတရားလေးကိုပိုင်ဆိုင်ထားပြီး ချစ်မွှေးပါလို့ လူချစ်လူခင်ကလည်းပေါများပါတယ်နော်။အခုဆိုရင်တော့ ချစ်စနိုးဦးက"ချစ်တယ်... အဲ့ဒီလို ပိစိကွေးသေးသေးလေးကနေ ဒီအချိန်ထိ အမြဲအလိုလိုက်ပြီးချစ်ပေးနေတဲ့အဖေနဲ့အမေကို ကျေးဇူးအများကြီးတင်ပါတယ်"ဆိုပြီး ငယ်ဘဝပုံရိပ်တွေကို မျှဝေလာပါတယ်နော်။

Photo Credit:Chit Snow Oo's facebook
Photo Credit:Chit Snow Oo's facebook
Photo Credit:Chit Snow Oo's facebook

Photo Credit:Chit Snow Oo's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။