ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မိုးယုစံကတော့ မိသားစုအတွက်သာအချိန်ပေးနေတာဖြစ်လို့ အနုပညာအလုပ်တွေနဲ့တော့ နည်းနည်းအလှမ်းဝေးကွာနေပါတယ်နော်။အနုပညာအလုပ်တွေကို ပြန်လည်လုပ်ဆောင်ဖို့အတွက်အချိန်ယူနေပြီး လောလောဆယ်မှာတော့ ရေဘေးအတွက်အလှူခံမယ့် နှင်းဆီအဖွဲ့သားတွေနဲ့အတူတူပါဝင်ပြီး ကပြဖျော်ဖြေဦးမှာဖြစ်ပါတယ်။

Photo credit:Moe Yu San's Facebook
Photo credit:Moe Yu San's Facebook
Photo credit:Moe Yu San's Facebook

မိုးယုရဲ့ချစ်ခင်ပွန်းကလည်း အနုပညာအလုပ်တွေကို အကုန်လုံးနားလည်မှုပေးပြီး တတ်နိုင်သလောက်ကိုလည်းဘေးကနေဝိုင်းကူပေးပါတယ်နော်။မိုးယုက ပျော်ရွှင်နွေးထွေးတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားပြီး တစ်ဦးတည်းသောသားလေး ကောင်းသိင်္ခမိုးသူလေးက အရမ်းချစ်စရာကောင်းပြီး ချစ်မွှေးပါလို့ ပရိသတ်တွေကလည်းအရမ်းချစ်ကြပါတယ်။

Photo credit:Moe Yu San's Facebook
Photo credit:Moe Yu San's Facebook
Photo credit:Moe Yu San's Facebook

မိုးယုကတော့ သားလေးရဲ့ဘေးနားမှာတစ်ချိန်လုံးနေပြီး သေချာပြုစုစောင့်ရှောက်တာဖြစ်လို့ သားလေးက ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ပြီး လိမ္မာသိတတ်စွာနဲ့ကြီးပြင်းလာတာပါနော်။အခုဆိုရင်တော့ မေမေမိုးယုက"ချစ်လေးနဲ့ဆို ဘယ်နေရာဖြစ်ဖြစ် မာမီပျော်"ဆိုပြီး သားလေးနဲ့အတူခရီးတွေထွက်ကာ ပျော်ရွှင်ပြီး စိတ်ချမ်းသာနေတဲ့ မိုးယုတို့သားအမိနှစ်ယောက်ရဲ့ပုံရိပ်လေးကိုမျှဝေပေးလိုက်ပါရစေနော်။

Photo credit:Moe Yu San's Facebook
Photo credit:Moe Yu San's Facebook
Photo credit:Moe Yu San's Facebook

Photo credit:Moe Yu San's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။