တည်ငြိမ်ခန့်ညားတဲ့ ဥပဓိရုပ်ကို ပိုင်ဆိုင်ထားရုံသာမကဘဲ ကာရိုက်တာတိုင်းကိုလည်း ထိမိပြောင်မြောက်အောင် သရုပ်ဆောင်နိုင်တာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ တစ်ခဲနက်အားပေးခြင်းကို ရရှိထားသူကတော့ မင်းသားချောလေး ဒေါင်းပါ။ သူဟာ ပုဂံမြို့သူဇာတ်လမ်းတွဲတွင် သရုပ်ဆောင်ပီပြင်မှုကြောင့် ပရိသတ်တွေရဲ့အားပေးမှုများစွာကို ရရှိထားသူပါ။ ယနေ့ချိန်မှာတော့ အောင်မြင်တဲ့သရုပ်ဆောင် မင်းသားတစ်ယောက်အဖြစ် အနုပညာလောကတွင် ရပ်တည်နေတာပါ။ 

Photo Credit - Daung Facebook Account
Photo Credit - Daung Facebook Account

လတ်တလောမှာလည်း မင်းသမီးချောလး နေခြည်ဦးနဲ့အတူ " ရိုဆယ်လာ " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေတာပါ။ သူ့ရဲ့ လှုပ်ရှားမှုတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာကနေ တစ်ဆင့် ဝေမျှလေ့ရှိတဲ့ ဒေါင်းကတော့ အခုတစ်ခေါက်မှာလည်း သူ့ရဲ့ပုံရိပ်လေးတစ်ခုကို ပရိသတ်တွေထံ ဝေမျှပေးခဲ့ပါတယ်။ 

Photo Credit - Daung Facebook Account
Photo Credit - Daung Facebook Account

ဒါကတော့ သူ့ရဲ့ ငယ်ဘဝပုံရိပ်လေးပဲဖြစ်ပြီး ဒီပုံလေးကတော့ သူ့ဘဝရဲ့ ရှားပါးဓာတ်ပုံလေး တစ်ပုံဖြစ်တယ်လို့ ရေးသားထားတာပါ။ ပရိသတ်တွေ တစ်ခါမှမမြင်ဖူးသေးတဲ့ ဒေါင်းရဲ့ငယ်ဘဝရှားပါးပုံရိပ်းလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - Daung Facebook Account 

Photo Credit - Daung Facebook Account
Photo Credit - Daung Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။