ပရိသတ်ကြီးရေ အဆိုတော်စန္ဒီမြင့်လွင်ဟာဆိုရင် သာယာလှတဲ့အိမ်ထောင်ရေးလေးကိုပိုင်ဆိုင်ထားပြီး သမီးလေးတစ်ယောက်လည်းမွေးဖွားထားပြီဖြစ်လို့ နွေးထွေးတဲ့မိသားစုလေးအဖြစ်တည်ဆောက်နေပါတယ်နော်။စန္ဒီမြင့်လွင်က သမီးလေးနာမည်ကို Treasureလို့ ချစ်စရာနာမည်လေးပေးထားပြီး Treasureလေးကလည်း မိဘနှစ်ပါးလုံးနဲ့တူတာဖြစ်လို့ ချစ်မွှေးပါပြီးအရမ်းချစ်စရာကောင်းပါတယ်။

Photo Credit:Dee Dee's Facebook
Photo Credit:Dee Dee's Facebook
Photo Credit:Dee Dee's Facebook

ပရိသတ်တွေကတော့ စန္ဒီမြင့်လွင်ကိုလည်းချစ်ကြသလို အခုဆိုရင်လည်း Treasure လေးကိုပါအရမ်းချစ်နေကြပါပြီ။မေမေစန္ဒီမြင့်လွင်ကတော့ သမီးလေးဘေးနားမှာနေပြီး သေသေချာချာဂရုစိုက်စောင့်ရှောက်နေတာပဲဖြစ်ပါတယ်။စန္ဒီမြင့်လွင်ရဲ့ချစ်ခင်ပွန်းက ချစ်ဇနီးအပေါ်မှာလည်းကြင်နာယုယသလို အားတဲ့အချိန်တိုင်းမှာ သမီးလေးနဲ့လည်း အတူတူဆော့ကစားပေးတာကြောင့် ပျော်ရွှင်တဲ့မိသားစုလေးဖြစ်ပါတယ်နော်။

Photo Credit:Dee Dee's Facebook
Photo Credit:Dee Dee's Facebook
Photo Credit:Dee Dee's Facebook

အခုဆိုရင်တော့ စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံက စင်ကာပူကိုအလည်အပတ်ခရီးထွက်နေကြပါတယ်နော်။ဇနီးမောင်နှံနှစ်ယောက်ကတော့ စင်ကာပူရဲ့ ရေပန်းအစားဆုံးနေရာတွေကို သွားရောက်လည်ပတ်ပြီး အရမ်းပျော်ရွှင်နေတာဖြစ်ပါတယ်။။ပရိသတ်ကြီးလည်း စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံရဲ့ စင်ကာပူခရီးစဉ်ပုံရိပ်လေးတွေကို တွေ့မြင်ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Dee Dee's Facebook
Photo Credit:Dee Dee's Facebook
Photo Credit:Dee Dee's Facebook

Photo Credit:Dee Dee's Facebook

Video Credit:Dee Dee's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။