ချစ်ပရိသတ်ကြီးရေ အကယ်ဒမီ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မင်းသားချော နေတိုးကတော့ ရုပ်ရည်ရူပါ ချောမောပြေပြစ်တဲ့အပြင် သရုပ်ဆောင်ပိုင်းမှာလည်း သူမတူအောင် ထူးချွန်သူတစ်ယောက် ဖြစ်ပါတယ် ။ ဗီဒီယို၊ရုပ်ရှင်ဇာတ်ကားနဲ့ ကြော်ငြာများစွာ ရိုက်ကူးအောင်မြင်ခဲ့တဲ့ နေတိုးက လက်ရှိမှာလည်း မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားစာရင်းမှာ ထိပ်ဆုံးကရပ်တည်နေတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း နေတိုးက ရုပ်ရှင်ဇာတ်ကားကြီးတွေကို မနားတမ်းရိုက်ကူးနေရပါတယ်။

Photo Credit : Nay Toe Facebook
Photo Credit : Nay Toe Facebook

နေတိုးကတော့ အနုပညာလောကမှာ ထိပ်တန်းကနေ အောင်မြင်မှုတွေအခိုင်အမာရရှိထားပြီး မိန်းကလေးပရိသတ်တွေအပြင် ယောင်္ကျားလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကိုပါ အခိုင်အမာရရှိထားတဲ့ ပြည်သူချစ်မင်းသားတစ်ယောက်လည်းဖြစ်ပါတယ်။ အနုပညာမှာဘက်စုံတော်ရုံသာမကပဲ ပရိသတ်တွေအပေါ်ရင်းနှီးဖော်ရွေတတ်ပြီး တည်ကြည်ခန့်ညား ယောင်္ကျားပီသမှုတွေကြောင့်လည်း ပရိသတ်တွေအားလုံးက ချစ်ခင်အားပေးနေတာဆိုလည်း မမှားပါဘူးနော်။

Photo Credit : Nay Toe Facebook
Photo Credit : Nay Toe Facebook

နေတိုးကတော့ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ကိုင်နေသလို ခရီးတွေလည်းတောက်လျှောက်ထွက်နေတာဖြစ်ပါတယ်။လတ်တလောမှာတော့ ရူးအောင်ချစ်မဲ့လူ Red Carpet Show ကိုတက်ရောက်လာပြီး နူတ်ခမ်းနီမလေးတွေကြွေသွားရလောက်အောင် အထာကျကျ သန့်ပြန့်လွန်းနေတဲ့ ပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းက တကယ်ကိုခန့်ညားပြီး နေတိုးတစ်ယောက် ချစ်ဖို့ကောင်းနေတာလည်းဖြစ်တာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Photo Credit : Nay Toe Facebook
Photo Credit : Nay Toe Facebook

Source:Nay Toe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။