ပရိသတ်ကြီးရေ မော်ဒယ်လ်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ပိုင်တံခွန်ကတော့ အနုပညာလောကထဲကို စစဝင်ချင်းမှာပဲ ပျိုမဒီလေးတွေရဲ့ တစ်ခဲနက်ဝန်းရံအားပေးခြင်းတွေကို ရရှိခဲ့ပါတယ်နော်။အခုဆိုရင်လည်း ပိုင်တံခွန်က မြန်မာပြည်မှာတင်မကဘဲမှာ ထိုင်းနိုင်ငံက ထိုင်းမချောချောလေးတွေကပါအားပေးဝန်းရံနေလို့ အောင်မြင်မှုတွေကတော့ ဆက်တိုက်ရရှိနေပြီး အနုပညာအလုပ်တွေလည်းပိုပြီးခြေလှမ်းစိပ်လာတာဖြစ်ပါတယ်။

Photo Credit:Paing Thkhon's Facebook
Photo Credit:Paing Thkhon's Facebook
Photo Credit:Paing Thkhon's Facebook

ပိုင်တံခွန်ရဲ့ ဘော်ဒီနဲ့ရုပ်ရည်ကလည်း အရမ်းမိုက်ပြီး ဆွဲဆောင်မှုအပြည့်ရှိလို့ နှုတ်ခမ်းနီမလေးတွေအသည်းစွဲချင်စရာပါပဲနော်။လက်တလောမှာတော့ ပိုင်တံခွန်က အနုပညာမောင်နှမတွေနဲ့အတူ မော်ဒိုက်ကမ်းခြေကို ၃ညအိမ်၄ရက်ခရီးထွက်နေပြီး ပျော်ရွှင်စရာအချိန်လေးတွေကို အကျိုးရှိရှိဖြတ်သန်းနေတာဖြစ်ပြီး ခရီးထွက်နေတဲ့အချိန်မှာ မွေးနေ့အကြိုကိုလည်း အနုပညာမောင်နှမတွေက ပျော်ပျော်ပါးပါးကျင်းပပေးခဲ့ပါသေးတယ်နော်။

Photo Credit:Paing Thkhon's Facebook
Photo Credit:Paing Thkhon's Facebook
Photo Credit:Paing Thkhon's Facebook

အခုဆိုရင်တော့ ပိုင်တံခွန်က ရေချိုးကန်ထဲမှာ ရေဝင်စိမ်နေပြီး အရမ်းမိုက်တဲ့ Tattooကြီးတွေက ခန္ဓာကိုယ်အပြည့်ပါပဲနော်။ပိုင်တံခွန်မျှဝေထားတဲ့ ပိုစ့်အောက်မှာလည်း မအေးသောင်းက "behind the scenes ရှိပါတယ်ဗျို့"ဆိုပြီး ဝင်ရောက်စနောက်ထားတာဖြစ်ပါတယ်။ပိုင်တံခွန်ကတော့ အမိုက်စားပုံရိပ်ကို လူမှုကွန်ယက်စာမျက်နှာမှာမျှဝေထားပြီး ပျိုပျိုမေလေးတွေရဲ့ အသည်းနှလုံးကို ဆွဲကိုင်လှုပ်လိုက်ပြန်ပါပြီနော်။

Photo Credit:Paing Thkhon's Facebook
Photo Credit:Paing Thkhon's Facebook
Photo Credit:Paing Thkhon's Facebook

Photo Credit:Paing Thkhon's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။