ပရိသတ်ကြီးရေ.. ဒီကနေ့ စက်တင်ဘာလ(၉)ရက်နေ့လေးကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းသရုပ်ဆောင် စွယ်စုံမင်းသားချောဖြစ်တဲ့ အကယ်ဒမီနေတိုးရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်..။

နေတိုးရဲ့ မွေးနေ့ရက်လေးမှာတော့ မိသားစု မိတ်ဆွေသူငယ်ချင်းများအပြင် ပရိသတ်တွေကလည်း ကိုယ်စီ ကိုယ်စီနဲ့ မွေးနေ့ဆုတောင်းစကားလေးတွေ ပြောထားကြတာ ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ တွေ့ရပါတယ်..။


Photo Credit - Htin Aung Tun's Facebook
Photo Credit - Htin Aung Tun's Facebook

ဒီကနေ့မှာ ကျရောက်တဲ့ နေတိုးရဲ့ မွေးနေ့လေးအတွက် ညီအစ်ကိုတစ်ယောက်လို ဆယ်စုနှစ်ကျော်ကြာ ခင်မင်ရင်းနှီးချစ်ခင်ခဲ့ကြတဲ့ အကယ်ဒမီမင်းသားချောထွန်းထွန်းကလည်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ BIRTHDAY WISH လေး လုပ်ပြီး ဆုတောင်းစကားလေး ပြောထားပါတယ်..။

ဆယ်စုနှစ်ကျော်ကြာ အမှတ်တရတွေကို ထုတ်ပြပြီး ဆုတောင်းပေးလိုက်တဲ့ ထွန်းထွန်းရဲ့ မွေးနေ့ဆုတောင်းလေးကလည်း တကယ်ကို ကြည်နူးမှုလေးတွေ ကူးစက်စေပြီး အမှတ်တရဖြစ်စေမှာပါနော်.။


Photo Credit - Htin Aung Tun's Facebook
Photo Credit - Htin Aung Tun's Facebook
Photo Credit - Htin Aung Tun's Facebook

“HAPPY BIRTHDAY MY DEAR BROTHER GYI !!!

ဆယ်စုနှစ်တခုကျော်ခင်မင်ရင်းနှီးခဲ့ကြတယ် ခရီးပေါင်းများစွာ အလုပ်တွေများစွာအတူတူ

လုပ်ခဲ့ကြ တယ်။ အကြီးပီသတဲ့ ကျွန်တော့်အကိုကြီးကိုနေတိုး... အနုပညာကိုအရမ်းချစ်တဲ့သူကြီး... နောင်နှစ်ပေါင်းမြောက်များစွာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒ အကုန်ပြည့်ဝပါစေဗျာ....” ဆိုပြီး ဆုတောင်းစကားလေး ပြောထားတာပါ..။

အဲ့ဒီပို့စ်အောက်မှာ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ချစ်ရတဲ့ ပရိသတ်တွေကလည်း BIRTHDAY BOY လေး ကိုကိုနေတိုးအတွက် ဆုတောင်းစကားလေးတွေ ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit - Htin Aung Tun's Facebook
Photo Credit - Htin Aung Tun's Facebook

Photo Credit - Htin Aung Tun's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။