သရုပ်ဆောင်ပြေတီဦးကတော့ လက်ရှိမှာ ထိပ်တန်းမင်းသားတစ်ယောက်အဖြစ် အနုပညာလောကမှာ ဦးဆောင်နေသူတစ်ယောက်ပါ။ ပြေတီဦးဟာ အနုပညာအလုပ်တွေကိုသာမကပဲ ပြေတီဦးဖောင်ဒေးရှင်းကို တည်ထောင်ထားပြီး ပညာရေးအတွက် လိုအပ်တဲ့ကျောင်းသား၊ကျောင်းသူများကို ထောက်ပံ့ပေးနေတာပါ။ ဒီဖောင်ဒေးရှင်းတည်ထောင်ခဲ့တာ အခုဆိုရင် ဆယ်နှစ်တင်းတင်းပြည့်မြောက်ခဲ့ပြီပဲဖြစ်ပြီး မနေ့ကတော့ ဆယ်နှစ်ပြည့် အခမ်းအနားလေးကို ကျင်းပခဲ့တာပါ။ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း ဒီဖောင်ဒေးရှင်းနဲ့ပက်သက်တဲ့ အကြောင်းအရာလေးတွေကို အခုလိုပဲ ရေးသားခဲ့တာပါ။ 

Photo Credit - Pyay Ti Oo and Eaindra Kyaw Zin's Facebook Account
Photo Credit - Pyay Ti Oo and Eaindra Kyaw Zin's Facebook Account
Photo Credit - Pyay Ti Oo and Eaindra Kyaw Zin's Facebook Account

" မတည်ငွေ သိန်း ၁၀၀ နဲ့အစပြုခဲ့တဲ့ ဖောင်းဒေးရှင်းလေးဟာ အခုဆိုရင် ၁၀ နှစ်းသားပြည့်ခဲ့ပါပြီ.. အဆင်ပြေပါ့မလား ရေရှည်ရပ်တည်နိုင်ပါ့မလား ဆိုတဲ့ စိုးရိမ်စိတ်တေနဲ့ အစပြုခဲ့ရပေမယ့် အခုတော့ ကျွန်တော့်ရဲ့ အနုပညာညီအကိုမောင်နှမတွေ ၊ မိဘပြည်သူပရိသတ်တွေ ကျွန်တော့်ကိုပံ့ပိုးပေးခဲ့ကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တေ..ဖောင်ဒေးရှင်းအဖွဲ့ဝင်တွေရဲ့ ကူညီအားပေးမှုတေကြောင့် ခိုင်ခိုင်မာရပ်တည်နိုင်ပြီး ဆရာဝန် ၆၄ ယောက်.. အင်္ဂျီနီယာ ၆ ယောက် အလုပ်သင်ဆရာဝန် ၁၇ ယောက် စတဲ့ ရလာဒ်ကောင်းများကိုပိုင်ဆိုင်ပြီး မိဘပြည်သူများကို ချပြနိုင်ခဲ့ပြီဖြစ်ပါတယ်...

Photo Credit - Pyay Ti Oo and Eaindra Kyaw Zin's Facebook Account
Photo Credit - Pyay Ti Oo and Eaindra Kyaw Zin's Facebook Account
Photo Credit - Pyay Ti Oo and Eaindra Kyaw Zin's Facebook Account

ဒါ့အပြင်လက်ရှိ ကျောင်းသား ၁၀၀ ခန့်ကိုလည်းလစဉ်ကူညီပြီး ကျောင်းထားပေးလျက်ရှိပါတယ်..အခုအချိန်ထိ ကျောင်းသားများအတွက် သိန်း ၈၅၀၀ ကို သုံးစွဲခဲ့ပြီး အခုလက်ရှိ ကျောင်းတက်နေသော ကလေးများအတွက် လစဉ် ကျပ်သိန်း ၁၀၀ ကျော် သုံးစွဲလျက်ရှိပါတယ်.. ဒီနေ့ပွဲလေး အောင်အောင်မြင်မြင်ကျင်းပနိုင်ရန် အခမ်းအနားသို့ မအားမလပ်သည့်ကြားမှ ချစ်ခင်မှုဖြင့် တက်ရောက်ပေးကြသော ချစ် ညီအကိုမောင်နှများ ဝိုင်းဝန်းလှူဒါန်းပေးကြပါသော အလှူရှင်များအားလုံးနှင့်တကွ ဘုန်းဘုန်း ဆရာတော် ရှင်ဆေကိန္ဒကို ရှိခိုးဦးတင်လျက် ကျေးဇူးတင်ရှိပါကြောင်း..ကျေးဇူးတင်ထိုက်သူများအားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်းပါခင်ဗျာ.." ဆိုပြီး ရေးသားဝေမျှထားတာလေးကို ပရိသတ်ကြီးအတွက် တစ်ဆင့်ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။ 

Photo Credit - Pyay Ti Oo and Eaindra Kyaw Zin's Facebook Account 

Photo Credit - Pyay Ti Oo and Eaindra Kyaw Zin's Facebook Account
Photo Credit - Pyay Ti Oo and Eaindra Kyaw Zin's Facebook Account
Photo Credit - Pyay Ti Oo and Eaindra Kyaw Zin's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။