မော်ဒယ်၊ သရုပ်ဆောင်တစ်ဦးအဖြစ် ပရိသတ်တွေရဲ့လက်ခံအားပေးမှုကို ရရှိထားတဲ့ စူးရှထက်ကတော့ ပုရိသတွေရဲ့အချစ်တော်လေးလို့တောင် ဆိုနိုင်ပါတယ်။ ကျစ်လျစ်တောင့်တင်းတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ စူးရှထက်က Sexy ဆန်ဆန်ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေကြားမှာ အတော်လေးရေပန်းစားအောင်မြင်နေတာ ဖြစ်ပါတယ်။

Photo Credit- Zar Chi's FB
Photo Credit- Zar Chi's FB

လတ်တလောမှာတော့ စူးရှထက်က Photo Shooting လေးတွေ အများဆုံးရိုက်ကူးနေရသလို တတ်နိုင်သလောက် အလှူအတန်းတွေလည်း ပြုလုပ်နေကြောင်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် သိရပါတယ်။ အခုတော့ စူးရှထက်က ပျော်ပျော်ပါးပါး ရိုက်ကူးထားတဲ့ သူမရဲ့ Tik Tok ဗီဒီယိုအသစ်လေးတွေကို ပရိသတ်တွေအတွက် မျှဝေပေးထားပါတယ်။

Photo Credit- Zar Chi's FB
Photo Credit- Zar Chi's FB
Photo Credit- Zar Chi's FB

စူးရှထက်က အခုလတ်တလော Tik Tok မှာ နာမည်ကြီးခေတ်စားနေတဲ့ ဟာသလေးတွေကို အိုက်တင်အမူအရာမျိုးစုံနဲ့ သရုပ်ဆောင်ပြခဲ့တာပဲ ဖြစ်ပါတယ်။ စူးရှထက်က ပရိသတ်တွေကြား လူကြိုက်များအောင်မြင်နေတဲ့ " ကိုကြီး " သီချင်းလေးနဲ့လည်း Tik Tok ကစားခဲ့ပါသေးတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် စူးရှထက်ရဲ့ Tik Tok ဗီဒီယိုအသစ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit- Zar Chi's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။