ဖြူစင်ပြီးချစ်ဖို့ကောင်းတဲ့ပုံရိပ်လေးတွေကြောင့်တစ်နိုင်ငံလုံးကပရိသတ်တွေရဲ့အချစ်တွေကိုသိမ်းပိုက်ထားနိုင်တာကတော့မင်းသမီးချောလေးဖွေးဖွေးပါ။ သူမရဲ့ပီပြင်တဲ့ကာရိုက်တာတွေနဲ့တူတူဇာတ်ကားတစ်ကားလုံးကိုရသတွေအပြည့်ပေးနိုင်အောင်သရုပ်ဆောင်နိုင်တာပါ။ သူ့ရဲ့ကြိုးစားမှုတွေကြောင့်လည်းအကယ်ဒမီဆုတွေရရှိပြီးအောင်မြင်နေတာပါ။

Photo Credit - Phway Phway's Facebook Account
Photo Credit - Phway Phway's Facebook Account

လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။ သူမရဲ့ လှုပ်ရှားမှုတွေကိုလည်း ပရိသတ်ကြီး သိရှိနိုင်အောင် လူမှုကွန်ယက်မှတစ်ဆင့် ဝေမျှလေ့ရှိသူပါ။ အခုမှာလည်း ဗီဒီယိုလေးတစ်ခု တင်ထားတာပါ။  

Photo Credit - Phway Phway's Facebook Account
Photo Credit - Phway Phway's Facebook Account

ဒါကတော့ ပိုင်တံခွန်နဲ့အတူ ကြော်ငြာရိုက်ကူးနေတဲ့ ဗီဒီယိုလေးပါ။ ဖွေးဖွေးကတော့ ပိုင်တံခွန်ရဲ့ အရပ်ကိုမမှီတာကြောင့် ခုံလေးခုကာ ရိုက်ကူးနေရတာပါ။ သူမရဲ့ Facebook Page တွင်လည်း " မိမိမှာ သုံးထပ်ကွမ်းအကယ်ဒမီဖြစ်သော်လည်း စောင်ဂျပုဖြစ်နေသောအခါ " ဆိုပြီး တင်ထားတာပဲဖြစ်ပြီး ပရိသတ်တွေလည်း ကြည့်ရှုနိုင်အောင် တစ်ဆင့်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Source - Phway Phway Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။