မြန်မာနဲ့ပွဲမှာ အဓိကပါဝင်ကစားကြမယ့် ဥရောပကလပ်တွေတွင် ခြေစွမ်းပြကစားနေကြတဲ့ ဂျပန်ကစားသမားတွေရဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ မြန်မာအသင်းနဲ့ ဂျပန်အသင်းရဲ့ ပွဲစဉ်ကို မနက်ဖြန် ညနေ ၆ နာရီ ၅၀ မိနစ်အချိန်မှာ ကစားကြမှာဖြစ်ပါတယ်။

အီဂျီ ကာဝါရှီမာ

ဂျပန်ဂိုးသမား အီဂျီကာဝါရှီမာ ဟာ ဂျပန်လက်ရွေးစင်အသင်းနဲ့ အတူ ကမ္ဘာ့ဖလားသုံးကြိမ်အထိ ကစားထားတဲ့ ဝါရင့်ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဂျပန်အသင်းအတွက် ပွဲပေါင်း ၉၀ကျော် ကစားထားပြီး အသက် ၃၆ နှစ်အရွယ်ရှိတဲ့ အီဂျီ ကာဝါရှီမာ ဟာ ဂျပန်ကလပ်၊ဘယ်လ်ဂျီယံကလပ်၊ ပြင်သစ် ကလပ်အသင်းတွေမှာ ကစားခဲ့သူဖြစ်ပြီး လက်ရှိတွင် ပြင်သစ်ကလပ် RC Strasbourg Alsace မှာ ကစားနေသူဖြစ်ပါတယ်။

photo credit : MFF ' s facebook

မာယာ ယိုရှီဒါ

ဂျပန်အသင်းခေါင်းဆောင်ဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ် ဆောက်သမ်တန်အသင်းမှာ ကစားနေသူလည်းဖြစ်ပါတယ်။ ၂၀၁၂ မှာ ဆောက်သမ်တန်အသင်းကို ရောက်ရှိလာပြီး လက်ရှိအချိန်မှာ ၁၄၆ပွဲပါဝင်ကစားပေးထားပါတယ်။ ဂျပန်လက်ရွေးစင်အသင်းကြီးမှာ ၂၀၁၀ကတည်းက ပါဝင်ကစားခဲ့ပြီး ၉၅ပွဲကစားထားရာမှာ ၁၀ ဂိုး သွင်းယူပေးထားပါတယ်။

photo credit : MFF ' s facebook

ယူတို နာဂါတိုမို

ဂျပန်အသင်းရဲ့ ဝါရင့်နောက်ခံလူဖြစ်ပြီး စီးရီးအေကလပ် အင်တာမီလန်အသင်းမှာ ကစားခဲ့ဖူးကာ လက်ရှိတွင် တူရကီကလပ် ဂါလာတာစာရေးအသင်းမှာပါဝင်ကစားနေပါတယ်။ ဂျပန်အသင်းနဲ့အတူ ၂၀၁၀၊ ၂၀၁၄၊ ၂၀၁၈ ကမ္ဘာ့ဖလားတွေမှာပါဝင်ကစားခဲ့ပြီး ၂၀၁၇ နိုဝင်ဘာဘရာဇီးအသင်းနဲ့ ခြေစမ်းပွဲစဉ်မှာ ဂျပန်လက်ရွေးစင်အသင်းနဲ့ ပွဲ ၁၀၀ ပြည့်ခဲ့ပါတယ်။

photo credit : MFF ' s facebook

ပာာရာဂူချီ

ကွင်းလယ်တောင်ပံရော တိုက်စစ်မှာပါ ကစားနိုင်သူဖြစ်ပြီး လက်ရှိအချိန်မှာ ဘွန်ဒက်စ်လီဂါကလပ် ပာန်နိုဗာအသင်းမှာ ကစားနေပါတယ်။ သက်တမ်းလိုက် ဂျပန်လက်ရွေးစင်အသင်းတွေမှာ ပါဝင်ကစားပေးခဲ့သူဖြစ်ပါတယ် ။ဂျပန်လက်ရွေးစင်အသင်းကြီးအတွက် ၄၆ ပွဲ ပါဝင်ကစားရာမှာ ၁၀ ဂိုး သွင်းယူပေးထာားပါတယ်။

photo credit : MFF ' s facebook

အိုဆာကို

ဂျပန်အသင်းအတွက် အားထားရတဲ့ တိုက်စစ်မှူးဖြစ်ပြီး ၂၀၁၉ အာရှဖလားပြိုင်ပွဲမှာ ဂျပန်အသင်း ဗိုလ်လုပွဲတက်ခဲ့ရာမှာ အရေးပါတဲ့ သွင်းဂိုး ၄ ဂိုး သွင်းယူခဲ့ပါတယ်။

photo credit : MFF ' s facebook

တာကူမီ မီနာမီနို

သြစတြီးယားကလပ် ရက်ဒ်ဘူးဆဲလ်ဘတ်အသင်းမှာ ပါဝင်ကစားနေသူဖြစ်ပြီး ကစားဘဝကို စီရီဇို အိုဆာကာအသင်းမှာ စတင်ခဲ့ပါတယ်။ နာမည်ကျော်ကစားသမား မန်ယူတိုက်စစ်မှူးပောာင်း ဒီယေဂို ဖော်လန်နဲ့ တွဲဖက်ကစားခွင့်ရခဲ့ပါတယ်။ ဂျပန်လက်ရွေးစင်အသင်းအတွက် ၁၈ ပွဲပါဝင်ကစားထားရာမှာ ၆ ဂိုးသွင်းယူပေးထားပါတယ်။

photo credit : MFF ' s facebook

ဝါတာရူအန်ဒို

ဘွန်ဒက်စ်လီဂါကလပ် စတုဂတ်အသင်းမှာ ပါဝင်ကစားနေသူဖြစ်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဂျပန်အသင်းမှာ ရွေးချယ်ခံရပေမယ့် တစ်ပွဲမှ ပါဝင်ကစားခွင့်မရပါဘူး။ ၂၀၁၆ AFC ယူ ၂၃ ပြိုင်ပွဲမှာ ဂျပန်အသင်းနဲ့အတူ ချန်ပီယံဆု ရယူနိုင်ခဲ့ပါတယ်။

photo credit : MFF ' s facebook

ဟီရိုကီ ဆာကီ

ပြင်သစ်ကလပ် မာဆေးအသင်းရဲ့ အဓိက နောက်ခံကစားသမားတစ်ဦးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈/၂၀၁၉ ဘောလုံး ရာသီမှာ မာဆေးအသင်းနဲ့အတူ အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး မာဆေးအသင်းသား တွေ ရွေးချယ်တဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။

photo credit : MFF ' s facebook

တာကီဖူဆာ ကူဘို

အသက် ၁၈နှစ်သာ ရှိသေးပြီး သူရဲ့ဘောလုံးစွမ်းရည်တွေကြောင့် ဂျပန်မက်ဆီအဖြစ် သတ်မှတ် ခံရသူဖြစ်ပါတယ်။၂၀၁၉ခုနှစ် ဇွန်လမှာ ရီးရဲလ်အသင်းက ငါးနှစ်စာချုပ်နဲ့ ခေါ်ယူခဲ့ပြီး လက်ရှိ မာယော့ကာ အသင်းမှာ အဌား သွားရောက်ကစား နေသူဖြစ်ပါတယ်။လက်ရှိ ဂျပန်လက်ရွေးစင်အသင်းနဲ့ အတူ ငါးပွဲ ကစားထားပြီးဖြစ်ပါတယ်။

photo credit : MFF ' s facebook

ရစ်ဆု ဒိုရန်

၂၁နှစ်အရွယ် ကွင်းလယ်တိုက်စစ်ကစားသမား ဒိုရန် ဟာ ဂျပန်လက်ရွေးစင် အသင်းနဲ့အတူ ၁၁ ပွဲကစားထားပြီး ၃ဂိုး သွင်းယူပေးထားပါတယ်။ ဆယ်ကျော်သက်အရွယ်ကတည်းက ဟော်လန်ကလပ်တွေမှာ ကစားလာခဲ့သူဖြစ်ပြီး လက်ရှိမှာ ဟော်လန်ကလပ် PSV အသင်းရဲ့ကစားသမား တစ်ဦးဖြစ်ပါတယ်။

photo credit : MFF ' s facebook

ရှိုယာ နာကာဂျီမာ

အသက် ၂၅နှစ်အရွယ် နာကာဂျီမာ ဟာ တောင်ပံကစားသမား တစ်ဦးဖြစ်သလို နောက်ချန်တိုက်စစ်မှူးအဖြစ်လည်း ကစားနိုင်သူ ဖြစ်တယ်။ ပေါ်တိုအသင်းမှာ ကစားနေသူဖြစ်ပြီး ဂျပန်လက်ရွေးစင်အဖြစ် ၂၀၁၈ခုနှစ်မှ စတင်ရွေးချယ်ခံခဲ့ရပြီး ၁၂ ပွဲ ကစားထားကာ ၄ ဂိုးသွင်းယူပေးထားပါတယ်။

source: MFF ' s facebook

photo credit : MFF ' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။