ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်ဆယ်လီတွေထဲမှာ အဆိုတော်မလေးတွေဖြစ်ကြတဲ့ ဝိုင်းလေးနဲ့ နန်းဆုရတီစိုးတို့ကတော့ ပရိသတ်တွေရဲ့ အသည်းကျော်လေးတွေပါပဲ..။

အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တွေအဖြစ် ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို ကိုယ်စီအခိုင်အမာရရှိထားကြသလို ယောင်္ကျားလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေအပြင် မိန်းကလေးပရိသတ်တွေရဲ့ အချစ်တွေကိုပါ သိမ်းပိုက်ထားကြသူလေးတွေပါပဲ..။


Photo Credit - Wint Yee Shunn's Facebook
Photo Credit - Wint Yee Shunn's Facebook

အသံချိုချိုအေးအေးလေးတွေနဲ့ အမိုက်စားတေးသီချင်းကောင်းလေးတွေကလည်း ပရိသတ်တွေကြားရေပန်းစားပြီး လူကြိုက်များကြသလို ချစ်စရာကောင်းတဲ့အမူအရာလေးတွေနဲ့ အပြုံးချိုချိုလေးတွေကလည်း သူမတို့ရဲ့ ဆွဲဆောင်မှုလေးတွေပဲ ဖြစ်ပါတယ်..။

အခုတစ်ခါမှာလည်း ပရိသတ်တွေရဲ့ အသည်းကျော်လေး နှစ်ယောက် တွေ့ဆုံရင်း အမှတ်တရဓာတ်ဖမ်းထားကြတဲ့ ပုံရိပ်လေးတွေနဲ့ ချစ်စရာကောင်းတဲ့ Tik Tok ဗီဒီယိုဖိုင်လေးနဲ့လည်း ပရိသတ်တွေကို အချစ်ပိုစေပြန်ပါတယ်နော်..။


Photo Credit - Wint Yee Shunn's Facebook
Photo Credit - Wint Yee Shunn's Facebook
Photo Credit - Wint Yee Shunn's Facebook

TAYLOR SWIFT ရဲ့ သီချင်းခွေလေးကို PREORDER မှာ ဝယ်ယူကာ နှစ်ယောက်အတူ တွေ့ဆုံကြရင်း ဓာတ်ဖမ်းကာ Tik Tokဗီဒီယိုလေးတွေကိုပါ ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ အသည်းယားအောင် ဆော့ကစားရိုက်ကူးထားတာဖြစ်ပြီး အသည်းကျော် ဝိုင်းလေးက ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်..။

“YAY FINALLY I GOT IT !

NEW BABIES TO MY TAYLOR SWIFT COLLECTION

PREORDER ကြိုမှာထားပေမယ့် မြန်မာကလှမ်းဝယ်ရတာဆိုတော့ သူများနိုင်ငံတွေထက်နောက်ကျပြီးရတာကတော့ ထုံးစံလိုဖြစ်နေပါပြီ

ဟီးဟီး..” ဆိုပြီးတော့ နန်းဆုလေးကလည်း နှစ်ယောက်အတူ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို မျှဝေထားပါသေးတယ်..။

Photo Credit - Nansu Yati Soe's Facebook
Photo Credit - Wint Yee Shunn's Facebook

Photo Credit - Wint Yee Shunn's Facebook၊ Nansu Yati Soe's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။