ချစ်ပရိတ်သတ်တို့ရေ... ဒီတစ်ခါမှာတော့ပ့ရိတ်သတ်တို့အတွက် လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက အရမ်းပဲနာမည်ကြီးခဲ့တဲ့ ပင်လယ်ဓားပြသဘောၤအကြောင်းကိုပြောပြမှာပဲဖြစ်ပါတယ်နော်။ နစ်မြုပ်ပျောက်ကွယ်သွားတာကြာပြီဖြစ်ပြီးတော့ ပင်လယ်ကြမ်းပြင်အောက်မှာ ပြန်လည်တွေ့ရှိခဲ့တဲ့ ဒီသဘောၤကြီးဟာ ရှေးဟောင်းနည်းပညာတွေ လက်နက်ခဲယမ်းတွေများစွာလည်း ပါရျိနေခဲ့ပါတယ်နော်။

Photo Source: Pngtree

၁၇၁၈ ခုနှစ်က မုတ်ဆိတ်နက်လို့ခေါ်တဲ့ သင်္ဘောကပ္ပတိန် ပင်လယ်ဓားပြဟာ ဗျူးဖို့ဒ်ကမ်းခြေမှာ သူ့ရဲ့သင်္ဘော ရေတိမ်တွင်ပိတ်မိနေတဲ့အတွက် သူ့သင်္ဘောကို နှစ်မြှုပ်ပစ်ရန် အမိန့်ပေးပါခဲ့တယ်။ဒီသင်္ဘောဟာ ၁၇၁၀ ခုနှစ်မှာ ရေချခဲ့သည့် နာမည်ကျော် Queen Anne's Revenge ရွက်သင်္ဘောဖြစ်ပြီးတော့ ၁၉၆၆ ခုနှစ်မှာ ယင်းရွက်သင်္ဘောရဲ့ အပျက်အစီးတွေကို ပင်လယ်ပြင်အောက်မှာ ရှာဖွေတွေ့ ရှိခဲ့ပါတယ်။

Photo Source: Pngtree

ထောင်ပေါင်းများစွာသော လက်မှုပစ္စည်းများကိုလည်း သင်္ဘောနှင့် အတူတွေ့ရှိခဲ့ရပါတယ်နော်။၂၀၁၃ ခုနှစ်မှာတော့ အမေရိကန်ပြည်ထောင်စု၊မြောက်ကာရိုလိုင်းနား ယဉ်ကျေးမှုအရင်းအမြစ်ဌာနက ပင်လယ်ပြင်အောက် မှ ပေါင် ၂၀၀၀ ကျော် အလေးချိန်ရှိတဲ့ အမြောက်များနှင့် သေနတ်များကို ရှာဖွေဆယ်ယူခဲ့ပါတယ်နော်။တွေ့ရှိခဲ့တဲ့ ရေအောက် ပစ္စည်း များမှာ အမျိုးမတူတဲ့ အမြောက် အလက် ၂၀ ကိုလည်းတွေ့ရှိခဲ့ရပါသေးတယ်နော်။ကဲ... ရှေးဟောင်းနည်းပညာတွေနဲ့နာမည်ကြီးဓားပြကြီး မုတ်ဆိတ်နက်ရဲ့ ပင်လယ်ဓားပြသင်္ဘောကြီး အကြောင်းကို ပရိတ်သတ်တွေဗဟုသုတဖြစ်ဖွယ်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ 

Photo Source: Pngtree

Source: မောင် သာ ရှေးဟောင်းသုတေသန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။