မြန်မာ့လက်ဝှေ့လောကမှာ ချန်ပီယံဘွဲ့နဲ့အတူ အောင်မြင်မှုများစွာရရှိထားတဲ့ လက်ရှိချန်ပီယံ ဒေဝကတော့ မြန်မာလူမျိုးတွေရဲ့ လေးစားချစ်ခင်မှုတွေကို ရရှိထားသူတစ်ယောက်ဖြစ်တာအားလုံးလည်း သိပြီးဖြစ်မယ်ထင်ပါတယ်။ ချန်ပီယံခါးပတ်ကို ပိုင်ဆိုင်ထားတဲ့ တလျောက်ပြည်တွင်း ဒေသများစွာကို သွားရောက်ခြင်း မိဘမဲ့ကလေးငယ်တွေကို ကူညီစောင့်ရှောက်ခြင်းနဲ့အတူ မြန်မာ့ရိုးရာဓလေ့တွေကိုလည်း ချစ်မြတ်နိုးသူတစ်ယောက်လည်းဖြစ်ကြောင်း ဓာတ်ပုံ ဗီဒီယိုဖိုင်တွေနဲ့တကွ ပြလေ့ရှိတာ တွေ့ရပါတယ်။  

Photos & Video credit - Dave Leduc 's Fb Account
Photos & Video credit - Dave Leduc 's Fb Account
Photos & Video credit - Dave Leduc 's Fb Account

မကြာသေးမီကလည်း ဒေဝကတော့ လက်ဝှေ့ထိုးမှုမှရရှိခဲ့တဲ့ ငွေကြေးအချို့ကို ပြည်တွင်း မိဘမဲ့ကျောင်းတွေမှာ သွားရောက်လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့အပြင် ကလေးငယ်တစ်ဦးရဲ့ ရောဂါဝေဒနာကိုလည်း ငွေကြေးကုန်ကျခံကုသပေးခဲ့ကြောင်း သိရပါတယ်။ ကြိုးစားရှာဖွေမှုတွေကို ပြန်လည်လှူဒါန်းမှုတွေပြုလုပ်ကာ ပျော်ရွှင်နေပြီး ကလေးငယ်တွေနဲ့ အမှတ်တရပုံတွေကိုလည်း ပြသထားလေ့ရှိတာပဲဖြစ်ပါတယ်။  

Photos & Video credit - Dave Leduc 's Fb Account
Photos & Video credit - Dave Leduc 's Fb Account
Photos & Video credit - Dave Leduc 's Fb Account

ဒီကနေ့မှာလည်း ဒေဝကတော့ သူ့ရဲ့လူမှုစာမျက်နှာပေါ်တွင် ကလေးငယ်တွေနဲ့အတူ ပျော်ရွှင်နေတဲ့ ဗီဒီယိုဖိုင်လေးတစ်ခုကို ပြသထားတာတွေ့ရပါတယ်။ လေးစားစရာကောင်းပြီး မြန်မာလူမျိုးတွေရဲ့ ချစ်ခင်မှုကို ပိုင်ဆိုင်နေပြီဖြစ်တဲ့ မြန်မာ့လက်ဝှေ့ချန်ပီယံ ဒေဝရဲ့ ဒီကနေ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေ တွေ့မြင်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

Photos & Video credit - Dave Leduc 's Fb Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။