ချစ်ပရိတ်သတ်တို့ရေ... ဒီနေ့မှတော့ နိုင်ငံတော်အလံနဲ့အနည်းငယ်မတူညီဘဲ ရှုပ်ထွေးပွေလီပြီး စိတ်ဝင်စားဖို့ကောင်းလှတဲ့ ဂျပန်လူမျိုးတွေရဲ့ အလံတော်အေကြောင်းကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်နော်။ထွက်ပြူလာတဲ့ နေမင်းအလံဟာ ဂျပန်နိုင်ငံရဲ့ ဘုရင့်ရေတပ်မတော် အလံဖြစ်ပါတယ်။ ထို့အတူ ဒုတိယကမ္ဘာစစ်ပြီးဆုံး ချိန်အထိ အသုံးပြုခဲ့တဲ့ ဂျပန် ဘုရင့်တပ်မတာ်ရဲ့ အလံလည်းဖြစ်ပါသေးတယ်။

Photo Source: Pngtree

လက်ရှိ အချိန်မှာတော့ ဒီအလံကို ဂျပန်နိုင်ငံ ကိုယ်ပိုင်ကာကွယ်ရေးတပ်၏ အလံအဖြစ်အသုံးပြုလျက်ရှိပါတယ်။ ဒါ့အပြင်ဒီအလံကို ဂျပန်နိုင်ငံနှစ်ကူးချိန်တွေနဲ့ အားကစားပြိုင်ပွဲတွေမှာလည်း လွှင့်ထူလေ့ရှိပါတယ်နော်။ဒီအလံရဲ့ဒီဇိုင်းဟာ ဂျပန်နိုင်ငံတော်အလံနှင့်ဆင်တူပြီးအလယ်တွင်နေမင်းကိုဖော်ညွှန်းတဲ့ အနီရောင်စက်ဝိုင်းတစ်ခုပါရှိတယ်။ သို့သော် နေမင်းကနေ ဖြာထွက်လာတဲ့ အလင်းတန်းအရေအတွက်တော့ မတူညီပါဘူးနော်။ဒီနေအလံကို ပင်လယ်ရပ်ခြားဒေသတွေမှာ မီဂျီခေတ်ကနေ ဒုတိယကမ္ဘာစစ်ကာလအထိ အသုံးပြုခဲ့ကြပါတယ်။

Photo Source: Pngtree

ဂျပန်နိုင်ငံဟာ ဒုတိယ ကမ္ဘာစစ်မှာ စစ်ရှုံးနိုင်ငံဖြစ်ခဲ့တဲ့အတွက် ၁၀၄၅ ခုနှစ် သြဂုတ်လကနေစပြီးတော့ မဟာမိတ်တပ်တွေက ဒီအလံတော်ကို အသုံးမပြုဖို့ ပိတ်ပင်ခဲ့ကြပါတယ်။ဒါပေမယ့် ၁၉၅၄ ခုနှစ်မှာတော့ ဂျပန်နိုင်ငံဟာ ကိုယ်ပိုင်လုံခြုံရေးတပ်ဖွဲ့ကို ထူထောင်ခွင့်ရရှိခဲ့ပြီးတော့ ဒီအလံကို ပြန်လည် အသုံးပြုခဲ့ပါတယ်။ ယခုအချိန်မှာတော့ ရောင်ခြည်တန်း ၁၆ ခုပါဝင်တဲ့ အလံကို ပင်လယ်ပြင်လုံခြုံရေးတပ်ဖွဲ့အလံအဖြစ်လည်းကောင်း၊ ရောင်ခြည်တန်း ရှစ်ခုပါဝင်တဲ့အလံကို မြေပြင်လုံခြုံရေးတပ်ဖွဲ့အလံ အဖြစ်လည်းကောင်း အသုံးပြုလျက်ရှိပါတယ်နော်။ဒုတိယကမ္ဘာစစ် အတွင်းမှာ ဂျပန်တို့ရဲ့ကျူးကျော်မှုကို ခံခဲ့ရတဲ့ တရုတ်နှင့် ကိုရီးယားနိုင်ငံများတွေကတော့ ဒီဂျပန်အလံကို ဂျပန်နိုင်ငံရဲ့ နယ်ချဲ့ သင်္ကေတ တစ်ခုလို့ မှတ်ယူခဲ့ကြပါတယ်။ ကဲ... ဆိုတော့ အနည်းငယ်ကွဲလွဲမှုတွေနေရှိတဲ့ ဂျပန်နိုင်ငံရဲ့ အလံတွေအကြောင်းကို ချစ်ပရိတ်သတ်တွေအတွက် အခုလိုပဲဗဟုသုတဖြစ်ဖွယ် မျှဝေတင်ဆက်ပေးလိုက်ပါရစေနော်။

Photo Source: Pngtree

Source: မောင် သာ ရှေးဟောင်းသုတေသန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။