မေတိုးခိုင်ကတော့ တတ်သစ်စအနပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားခဲ့သူလေးပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ရရှိနေတဲ့ သူမကတော့ ကြော်ငြာတွေကိုလဲ ရိုက်ကူးနေသလို ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလဲ ရိုက်ကူးနေရသူလေးပဲ ဖြစ်ပါတယ်။

photo credit : May Toe Khine 's facebook
photo credit : May Toe Khine 's facebook

ဒီကနေ့ စက်တင်ဘာလ (၉)ရက်နေ့ကတော့ ပရိသတ်တွေ အရမ်းချစ်ရတဲ့ မင်းသားချောလေးဖြစ်တဲ့ နေတိုး ရဲ့ ၃၈နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ မေတိုးခိုင်ကတော့ နေတိုးနဲ့အတူ ဒါရိုက်တာ အောင်ဇော်လင်း ရိုက်ကူးထားတဲ့ “ရူးအောင် ချစ်မယ့်လူ” ရုပ်ရှင်ဇာတ်ကားကြီးမှာ အတူပါဝင်သရုပ်ဆောင်ခဲ့ပြီး ဦးဦးနေတိုးကို မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားခဲ့ပါတယ်။

photo credit : nay toe's facebook
photo credit : nay toe's facebook
photo credit : May Toe Khine 's facebook

မေတိုးခိုင်ကတော့ " Happy Birthday လေးလေး ဘက်စုံတော်တဲ့ ဖူးတို့အနုပညာရဲ့ ကြယ်ပွင့်ကြီး ဒီထက်ပိုပြီး အသစ်တွေဖန်တီးနိုင်ပြီး စစ်မှန်တဲ့ ပျော်ရွှင်မှုကို ရှတွေ့နိုင်ပါစေ အသစ်တွေကို လက်တွဲခေါ်ပေးတတ်တဲ့ ကိုနေတိုး ဒီထက်ပိုအောင်မြင်ပါစေ ဒါက "ရူးအောင်ချစ်မယ့်လူ" ရဲ့ behind the scene ပုံလေးတွေ " ဆိုပြီး မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားပါတယ်။

source: May Toe Khine 's facebook  

photo credit : May Toe Khine 's facebook
photo credit : May Toe Khine 's facebook
photo credit : May Toe Khine 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။