ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီနေတိုးကတော့ အနုပညာလမ်းကြောင်းပေါ်မှာ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားနေတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။နေတိုးက ရခိုင်တိုင်းရင်းသားလေးဖြစ်ပြီး ရိုးသားဖြူစင်တဲ့အပြင် အေးအေးဆေးဆေးနေထိုင်တတ်သူဖြစ်ပါတယ်နော်။နေတိုးရဲ့အနုပညာသက်တမ်းကလည်း ၁၀နှစ်တစ်စုကိုကျော်နေပြီး ယနေ့အချိန်မှာတော့ ပရိသတ်တွေအများအပြားကြိုက်နှစ်သက်ရတဲ့မင်းသားတစ်လက်ပါ။

Photo Credit:Nay Toe's Facebook
Photo Credit:Nay Toe's Facebook
Photo Credit:Nay Toe's Facebook

နေတိုးရဲ့ချောမောခန့်ညားတဲ့ရုပ်ရည်ကလည်း နှုတ်ခမ်းနီမလေးတွေအကြိုက်တွေ့စေမယ့် ရုပ်ရည်ရူပကာဖြစ်ပါတယ်နော်။နေတိုးက သူ့ရဲ့ပရိသတ်တွေကိုလည်း လေးလေးစားစားဆက်ဆံပြီး အမြဲတမ်းအပြုံးမပျက်ဖော်ရွေတတ်တာဖြစ်ပါတယ်။ဒီနေ့လေးဟာဆိုရင်တော့ မင်းသားချောနေတိုးရဲ့ ၃၈နှစ်ပြည့်မွေးနေ့လေးဖြစ်ပြီး အသက်တစ်နှစ်ပိုကြီးလာပေမယ့်လည်း နုပျိုခန့်ညားမှုတွေကတော့ အတိုင်းသားမြင်တွေ့နေရပါသေးတယ်နော်။

Photo Credit:Nay Toe's Facebook
Photo Credit:Nay Toe's Facebook
Photo Credit:Nay Toe's Facebook

နေတိုးရဲ့မွေးနေ့လေးမှာ နေတိုးရဲ့မိခင်နဲ့ We Love အဖွဲ့သားတွေက သရုပ်ဆောင်ရဲလေးမရဲ့မုန့်ဟင်းခါးကို အော်ဒါမှာပြီး မွေးနေ့ပွဲလေးကို ရိုးရှင်းစွာနဲ့ပျော်ပျော်ပါးပါးကျင်းပခဲ့ကြပါတယ်။နေတိုးကတော့ သူ့ရဲ့မွေးနေ့လေးမှာ ပရိသတ်တွေ၊မိတ်ဆွေတွေနဲ့အတူ အေးချမ်းစွာဖြတ်သန်းခဲ့ကာ ကုသိုလ်တွေလည်းယူခဲ့ပါတယ်နော်။ပရိသတ်ကြီးလည်း အကယ်ဒမီမင်းသားနေတိုးရဲ့မွေးနေ့လေးမှာ မွေးနေ့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ကြပါဦးနော်။

Photo Credit:Ye Lay Ma's Facebook
Photo Credit:Ye Lay Ma's Facebook
Photo Credit:Ye Lay Ma's Facebook

Photo Credit:Ye Lay Ma's Facebook/Nay Toe's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။