ပြည်တွင်း အနုပညာလောကမှာ ထိပ်တန်းစာရင်းဝင်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်မင်းသမီးချော ဝတ်မှုံရွှေရည်ကိုတော့ အားလုံးလည်း ချစ်မယ်ထင်ပါတယ်။ သရုပ်ဆောင်မှုပိုင်းမှာထူးချွန်ထက်မြတ်သူတစ်ယောက်ဖြစ်တဲ့အပြင် ယနေ့အထိလည်း အပျိုကြီးတစ်ယောက်အဖြစ် ရပ်တည်နေသူတစ်ယောက်လည်းဖြစ်ပါတယ်။  

Photos Credit - Wutt Hmone Shwe Yi's Fb Account
Photos Credit - Wutt Hmone Shwe Yi's Fb Account
Photos Credit - Wutt Hmone Shwe Yi's Fb Account

ဝတ်မှုံရွှေရည်ကတော့ လွတ်လပ်မှုကို မြတ်နိုးသူတစ်ယောက်ဖြစ်ပြီး သူမရဲ့ လှုပ်ရှားမှုတွေနဲ့အတူ တစ်နေ့က ပုံရိပ်လေးတွေကိုလည်း ပြသလေ့ရှိသူတစ်ယောက်လည်းဖြစ်ကြောင်း သူမရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှတဆင့် သိရပါတယ်။ ဒီကနေ့ ဝတ်မှုံရွှေရည်ကတော့ သူမ့ရဲ့ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် သူမရဲ့ စိတ်ခံစားမှုအချို့ကို ပြောပြထားတာတွေ့ရပါတယ်။  

Photos Credit - Wutt Hmone Shwe Yi's Fb Account
Photos Credit - Wutt Hmone Shwe Yi's Fb Account
Photos Credit - Wutt Hmone Shwe Yi's Fb Account

အဆိုပါစာသားလေးကတော့ " ရခဲ့တဲ့ဘဝကိုကျေနပ်မယ် လောကရဲ့အလှကိုဖန်ဆင်းမယ် လူရယ်လို့ဖြစ်တဲ့အခါ ကျင်လည်ရာအသိုင်းအဝိုင်းမှာ မေတ္တာ ဂရုဏာ ပေးဆပ်ခြင်းသာအလှဆုံးပဲ… အဆုံးမဲ့တဲ့ ခရီးကိုဆက်လှမ်းမယ် အရှိတရားနဲ့ အလှတရားကို လက်ခံမယ် မတူညီတဲ့ ခရီးလမ်းမှာ မဆုံနိုင်တဲ့ ခရီးသွားတွေ နားလည်မှုနဲ့ ခွဲခွာရတာသဘာဝပဲ… ဒီလောကကြီးက သူ့နေရာနဲ့ သူပဲလေ ကိုယ်ရခဲ့တဲ့ ဒါဏ်ရာတွေကို ခံယူရင်းနဲ့ ဟိုးအမြင့်က တိမ်တိုက်တွေကျော်လွန်ပျံသန်းမယ် အို…မြင့်သထက်မြင့်အောင်ပျံသန်းရင်း……" ဟူ၍ ရေးသားထားတာပဲဖြစ်ပါတယ်။ သာယာတဲ့ ရှုခင်းတွေကြားမှာ ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေနဲ့အတူ ခံစားချက်တွေရင်ဖွင့်လာတဲ့ ဝတ်မှုံရွှေရည်ရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos Credit - Wutt Hmone Shwe Yi's Fb Account 

Photos Credit - Wutt Hmone Shwe Yi's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။