ဆုပန်ထွာကတော့ တစ်ချိန်က အနပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေနိုင်တဲ့ အနပညာရှင်တစ်ယောက်ပဲ ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားခဲ့သူလေးပဲ ဖြစ်ပါတယ်။သူမကတော့ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင်နိုင်သူဖြစ်ပြီး ယခုမှာတော့ အနပညာအလုပ်တွေကနေ ခဏတာရပ်နားထားသူလေးပဲ ဖြစ်ပါတယ်။
သူမကတော့ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို ချစ်ရတဲ့ခင်ပွန်းဖြစ်သူနဲ့အတူ တည်ဆောက်ထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ တစ်ဦးတည်းသော သားလေးကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ သားလေးချစ်စရာအပြုအမှုလေးတွေကြောင့် ဘဝအမောတွေပြေခဲ့ရပြီး သူရဲ့ သားလေးကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလဲ ရရှိနေသူလေးပဲ ဖြစ်ပါတယ်။
ယခုမှာတော့ ဆုပန်ထွာရဲ့ သားလေးဟာ ဘောလုံးတွေနဲ့ ကစားချင်လို့ ကစားကွင်းလိုက်ပို့ပေးဆိုပြီး ငိုကာမေမေကို ဂျီကျနေခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ ပုံစံလေးနဲ့ မေမေကို ဂျီကျနေတဲ့ ပရိသတ်တွေ အချစ်တွေပိုခဲ့ရတဲ့ ဆုပန်ထွာသားလေးရဲ့ ချစ်စရာဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုလေးကို အောက်မှာ ကြည့်နိုင်ပါတယ်။
source: Supan Htwar 's facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။