တက္ကသိုလ်ဂွမ်းပုံကတော့ ချစ်ရတဲ့ပရိသတ်တွေ ပျော်ရွှင်ရယ်မောရအောင် သူမရဲ့သရုပ်ဆောင်ပညာနဲ့ အမြဲလိုလို ဖန်တီးတင်ဆက်ပေးနေတဲ့ ရုပ်ရှင်သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်ပါတယ်။ အနုပညာလောကမှာ အချိန်အတော်ကြာအောင် ရပ်တည်အောင်မြင်နေတဲ့ ဂွမ်းပုံက ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ တကယ့်ကို မပါမဖြစ်တဲ့ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။

Photo Credit-Goon Sein's Facebook
Photo Credit-Goon Sein's Facebook
Photo Credit-Goon Sein's Facebook
Photo Credit-Goon Sein's Facebook

ယနေ့စက်တင်ဘာလ (၉)ရက်နေ့မှာတော့ လူရွှင်တော်အသင်း (ရန်ကုန်)ရဲ့ (၉)ကြိမ်မြောက် သက်ကြီးလူရွှင်တော်ပူဇော်ပွဲကို ကျိုက္ကဆံဘုရားဝင်း အနောက်ဘက်မုခ် ဓမ္မာရုံမှာ ကျင်းပပြုလုပ်ခဲ့ပြီး တက္ကသိုလ်ဂွမ်းပုံလည်း တက်ရောက်ဖြစ်ခဲ့ပါတယ်။ ဂွမ်းပုံက သက်ကြီးလူရွှင်တော် ပူဇော်ပွဲအခမ်းအနားမှာ ဝါရင့်လူရွှင်တော်ကြီးတွေနဲ့ ပျော်ရွှင်နေတဲ့ အမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေပေးခဲ့ပါတယ်။

Photo Credit-Goon Sein's Facebook
Photo Credit-Goon Sein's Facebook
Photo Credit-Goon Sein's Facebook
Photo Credit-Goon Sein's Facebook
Photo Credit-Goon Sein's Facebook

ဒီပွဲလေးမှာ တက္ကသိုလ်ဂွမ်းပုံတို့ဇနီးမောင်နှံက ဝါရင့်လူရွှင်တော်ကြီးတွေ တစ်ယောက်ချင်းစီကို လက်ဆောင်ပစ္စည်းတွေနဲ့ လိုက်လံကန်တော့ခဲ့တာပဲ ဖြစ်ပါတယ်။ ဂွမ်းပုံက "၉ကြိမ်မြောက် လူရွှင်တော်သက်ကြီးပူဇော်ပွဲမှာ" ဆိုပြီး သူမရဲ့ပုံရိပ်လေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဂွမ်းပုံနဲ့ သက်ကြီးလူရွှင်တော်ကြီးတွေရဲ့ ပီတိဖြစ်ဖွယ် အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Goon Sein's Facebook 

Photo Credit-Goon Sein's Facebook
Photo Credit-Goon Sein's Facebook
Photo Credit-Goon Sein's Facebook
Photo Credit-Goon Sein's Facebook
Photo Credit-Goon Sein's Facebook
Photo Credit-Goon Sein's Facebook
Photo Credit-Goon Sein's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။