ရုပ်ရှင်ကြည့်တဲ့အခါမှာ ရသမျိုးစုံကို ခံစားကြည့်ရှုချင်ကြတဲ့ ပရိသတ်တွေအတွက် မကြာခင်မှာ ရုံတင်ပြသတော့မယ့် "တန်ဖိုး" ရုပ်ရှင်ဇာတ်ကားကြီးက စောင့်ကြိုနေပြီ ဖြစ်ပါတယ်။ "တန်ဖိုး" လို့အမည်ပေးထားတဲ့ ဒီဇာတ်ကားကြီးကတော့ ထူးထူးခြားခြားအနေနဲ့ မြန်မာနဲ့ ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်းရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ အမှိုက်ကအစတန်ဖိုးရှိသလို တန်ဖိုးဆိုတာ လူတိုင်းလူတိုင်းမှာရှိကြောင်းကို ပုံဖော်ပြသထားတာလည်း ဖြစ်ပါတယ်။

Photo Credit: တန်ဖိုး - ရုပ်ရှင်
Photo Credit: တန်ဖိုး - ရုပ်ရှင်
Photo Credit: တန်ဖိုး - ရုပ်ရှင်

ဒီဇာတ်ကားထဲမှာတော့ အဓိကသရုပ်ဆောင်တွေအဖြစ် ရန်အောင်၊ ဇင်ဝိုင်း၊ မို့မို့မြင့်အောင်၊ ခင်ဇာခြည်ကျော်၊ အေးမြတ်သူနဲ့ မော်နီကာပန်တို့က ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ ဘဝတိုက်ပွဲနဲ့ အချစ်တိုက်ပွဲနှစ်ခုရဲ့ မတူညီတဲ့ရသတွေကို ခံစားကြည့်ရှုရမှာဖြစ်ပြီး ပရိသတ်တွေကြည့်ရမှာ တန်စေမယ့်ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးကိုတော့ လာမယ့်စက်တင်ဘာလ (၁၂) ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်ပြီး ရုံတင်ဖို့ (၃)ရက်သာလိုတော့တာ ဖြစ်ပါတယ်။

Photo Credit: တန်ဖိုး - ရုပ်ရှင်
Photo Credit: တန်ဖိုး - ရုပ်ရှင်
Photo Credit: တန်ဖိုး - ရုပ်ရှင်

အခုလည်း ပရိသတ်တွေစိတ်ကြည်နူးသွားစေမယ့် ထွန်းထွန်းနဲ့ အေးမြတ်သူရဲ့ဇာတ်ဝင်ခန်းလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ မာမာနဲ့ နိုင်နိုင်အဖြစ် သရုပ်ဆောင်ထားတဲ့ သူတို့နှစ်ယောက်ရဲ့ဇာတ်ဝင်ခန်းလေးကတော့ ပရိသတ်တွေကိုပါ ကြည်နူးပျော်ရွှင်စေနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရုံတင်ဖို့ (၃)ရက်သာလိုတော့တဲ့ "တန်ဖိုး"ရုပ်ရှင်ဇာတ်ကားကြီးမှ ပရိသတ်တွေစိတ်ကြည်နူးစေမယ့် ဇာတ်ဝင်ခန်းတစ်ခုရဲ့ဗီဒီယိုလေးကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Source:တန်ဖိုး - ရုပ်ရှင် 

Photo Credit: တန်ဖိုး - ရုပ်ရှင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။