ပရိသတ်ကြီးကိုဒီတစ်ပါတ်တင်ဆက်ပေးမှာကတော့ "ကိုယ်နေတဲ့ အိပ်ခန်းကို သန့်ရှင်းအောင်ထားခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ" ဆိုတဲ့ ခေါင်းစဉ်လေးအောက်မှာ ဆွေးနွေးဖော်ပြပေးသွားမှာဖြစ်ပါတယ်...။ "မသိရင်မေး မစင်ရင်ဆေး" ဆိုတဲ့ စကားအတိုင်း ကိုယ်မသိတဲ့အရာကို သိအောင် ကိုယ့်ထက် တတ်ကျွမ်းတဲ့သူကို စနစ်တကျမေးမြန်းဖို့လိုအပ်ပြီး တစ်ကိုယ်သန့်ရှင်းမှုကနေစပြီး မိမိနေထိုင်ရာ ပတ်ဝန်းကျင်သန့်ရှင်းဖို့ကလည်း တစ်ကယ့်ကို အရေးတကြီး လိုအပ်လှတာဖြစ်ပါတယ်...။

photo credit pngtree

နေ့စဉ်နဲ့အမျှ လှုပ်ရှားသွားလာနေရတဲ့ လူငယ်၊ လူရွယ်တွေအနေနဲ့ ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေကို စိတ်အေးချမ်းမြေ့စွာ လုပ်ကိုင်နိုင်ရန် ကျန်းမာရေး ကောင်းဖို့ အဓိကအရေးကြီးပါတယ်...။ ကျန်းမာရေးကောင်းဖို့ဆိုရာတွင် စားသောက်နေထိုင်မှုပုံစံ ဆိုတဲ့ "lifestyle"ကို စနစ်တကျစီမံဆောင်ရွက်ရမှာဖြစ်ပါတယ်...။ မိမိအိပ်ခန်းကို သန့်ရှင်းသပ်ရပ်စွာထားခြင်းဖြင့်လည်း လူနေမှုပုံစံကို မြှင့်တင်ပြီးသားဖြစ်သလို အိပ်ရေးဝဝလင်လင်ရှိဖို့အတွက်လည်း အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်..။

photo credit pngtree
photo credit pngtree

ယောက်ျားလေးပဲ ဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ကိုယ်ရဲ့ လူနေမှုပုံစုံကိုမြှင့်တင်ပေးတဲ့အပြင်၊ နှစ်ခြိုက်စွာနားနေရမယ့် မိမိအိပ်ခန်းကို ဂရုတစိုက် အမြတ်တနိုးထားရမှာဖြစ်ပါတယ်...။ အထူးသဖြင့် ယောက်ျားလေးအများစုက အပျင်းကြီးတတ်ပြီး ကိုယ့်အိပ်ရာတောင် ကိုယ်မသိမ်းကြတဲ့ သူတွေရှိပါတယ်...။ ဒီလိုကိစ္စမျိုးတွေကို လုံးဝရှောင်ကြဉ်ရမှာပါ...။ မနက် အိပ်ရာနိုးတာနဲ့ ပြီးပြီးကော အိပ်ရာခင်း၊ စောင်၊ ခေါင်းအုံး၊ ခြင်ထောင်တွေကို ဒီအတိုင်းထားမသွားသင့်ပါဖူး...။ စနစ်တကျ ခေါက်ထားသိမ်းစည်းခဲ့ရမှာဖြစ်ပါတယ်...။ အိပ်ခန်းမှာထားရှိတဲ့ တစ်ကိုယ်ရေသုံး ပစ္စည်းတွေ၊ အခြားအသုံးအဆောင် ပစ္စည်းတွေကို မွှေးပျံ့နံ့ကြိုင်နေအောင် တစ်ပါတ်တစ်ခါ၊ နှစ်ပါတ်တစ်ခါလောက် သန့်ရှင်းရေးပြုလုပ်ဖို့ စစ်ဆေးပေးရမှာဖြစ်ပါတယ်...။ ထိုကဲ့သို့ ပြုလုပ်ခြင်းဖြင့် ရောဂါပိုးမွှားတွေလည်း မကပ်နိုင်သလို၊ အိပ်ခန်းထဲကိုဝင်လိုက်တာနဲ့ သင့်ရဲ့စိတ်နှလုံးကို လန်းဆန်းကြည်လင်သွားစေမှာ အမှန်ပင်ဖြစ်ပါတယ်..။ မိန်းကလေး၊ ယောက်ျားလေးမရွေး အထက်ပါဖော်ပြသွားတဲ့နည်းလမ်းကောင်းတွေကို လုပ်ဆောင်ကြဖို့ အကြံဉာဏ်ပေး တိုက်တွန်းဖော်ပြလိုက်ပါတယ်..။

photo credit pngtree  

photo credit pngtree
photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။