လက်ရှိ မြောက်ဥက္ကလာပဆေးရုံမှာ တက်ရောက်ကုသမှုခံယူနေရတဲ့ လူရွှင်တော်ဖိုးသဲနဲ့ပတ်သက်တဲ့ သတင်းတွေကို ပရိသတ်တွေလည်း ကြားသိကြမယ်ထင်ပါတယ်။ ဆိုးဆိုးရွားရွားအခြေအနေမျိုးမဟုတ်ပေမယ့် အရိုးအကြောတွေလှုပ်ရှားနိုင်မှုနည်းပါးခြင်းနဲ့ အာရုံကြောအားနည်းမှုတွေကြောင့် အချိန်ခဏကြာ အနားယူရဖို့ရှိနေကြောင်း သိရပါတယ်။  

Photos credit - Ko Chat Gyi's FB Accout
Photos credit - Ko Chat Gyi's FB Accout
Photos credit - Ko Chat Gyi's FB Accout

အဆိုပါ လူရွှင်တော်ဖိုးသဲနဲ့ပတ်သက်ပြီး ပရိသတ်တွေနဲ့အတူ လူရွှင်တော်လောကမှ နာမည်ကြီးလူရွှင်တော်ကြီးတွေလည်း စိုးရိမ်ပူပန်မှုတွေနဲ့အတူ သွားရောက်မေးမြန်းမှုတွေအပြင် တက်စွမ်းသလောက် ကူညီမှုတွေပြုလုပ်ပေးခဲ့ကြကြောင်း သိရပါတယ်။ အဆိုပါပြုလုပ်ပေးသူတွေထဲမှာ ရန်ကုန်လူရွှင်တော်တွေနဲ့ပတ်သက်ပြီး လူရွှင်တော်ဥက္ကဌတစ်ဦးဖြစ်တဲ့ ဒိန်းဒေါင်လည်း သွားရောက်လှူဒါန်းမှုတွေနဲ့အတူ အားပေးစကားပြောကြားပေးခဲ့ကြောင်း သိရပါတယ်။  

Photos credit - Ko Chat Gyi's FB Accout
Photos credit - Ko Chat Gyi's FB Accout
Photos credit - Ko Chat Gyi's FB Accout

ဒိန်းဒေါင်နဲ့အတူ နာမည်ကြီး လူရွှင်တေ်ာတွေပါသွားရောက်ခဲ့ကြပြီး လှူဒါန်းငွေ ငွေကျပ်တစ်သိန်းနဲ့အတူ အားပေးစကားပြောကြားခဲ့ကြတာပဲဖြစ်ပါတယ်။ လက်ရှိဆေးရုံပေါ်မှာပဲရှိနေသေးတဲ့ လူရွှင်တော်ဖိုးသဲရဲ့ ကျန်းမာရေးအခြေနေနဲ့ ဒီကနေ့ သွားရောက်အားပေးကျတဲ့ လူရွှင်တော်တွေရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos credit - Ko Chat Gyi's FB Accout 

Photos credit - Ko Chat Gyi's FB Accout

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။