Relationship တွေဟာ အခြားသူတွေထက်ကိုပိုပြီးတော့ ငွေထွက်ပေါက်ပိုများပါတယ်နော်။ စီစီစစ်စစ်နဲ့စုမယ်ဆိုရင်တောင် ဘယ်လောက်မှအဖက်မတင်ဘဲဖြစ်တတ်ပါတယ်။ အဓိကကတော့ ရှိနေတဲ့ ပိုက်ဆံကို စနစ်တကျ သုံးစွဲတတ်တဲ့အကျင့်လေးလိုအပ်နေတာပါ။ စနစ်တကျသာစုမယ်ဆိုရင် နှစ်ယောက်သားအတူတူ အနာဂတ်အိမ်မက်တွေကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်မှာမလွဲဧကန်ပါပဲနော်။

(၁) Bankအကောင့်တစ်ခုဖွင့်ပြီးသေသေချာချာငွေစုပါ။ စုမယ့်ပိုက်ဆံကို အရင်ဖယ်ပြီး အကောင့်ထဲ ထည့်ထားပါ။ လစာရပြီဆိုတာနဲ့ ပိုက်ဆံကို လေးလေးစားစားနဲ့ စနစ်တကျစုဖို့လိုအပ်ပါတယ်။ အကောင့်သစ်မဖွင့်ဘဲ သုံးနေကျကဒ်အသစ်ထဲမှာပဲစုလို့ကတော့ နှစ်ခါပြန် သုံးခါပြန်ပြောင်သွားပါလိမ့်မယ်။

Photo Source: Pngtree

(၂)အစားမသောင်းကြမ်းပါနဲ့။ စစ်စစ်ပေါက်ပေါက်ကြီး စုနေရမယ်လို့တော့မဆိုလိုပေမယ့် အားတိုင်း Hot Pot ကြေးအိုး သွားစားနေကြလို့တော့ဘယ်ဖြစ်မှာလဲနော်။ ကိုယ့်ချစ်သူနဲ့အတူတူသာစားရရင် မုန့်တီလည်း အရသာရှိတာပါပဲ။ တစ်လမှာ အများဆုံး ၂ ခါလောက်ပဲ ကောင်းတာလေးတွေစားပြီး အနာဂတ်အိမ်မက်တွေအတွက် ကျန်တာတွေကို စုနိုင်ရင် အဖက်မတင်တဲ့ လရှိကိုမရှိပါဘူး။

Photo Source: Pngtree

(၃)မိန်းကလေးတွေ သတိမူမိပါစေ။

ပိုက်ဆံကိုအထိန်းအသိမ်းတော်တာလည်း မိန်းကလေးတွေဖြစ်သလို အသုံးတော်တာလည်း သူတို့ပါပဲနော်။ တစ်လတစ်ခါ အလှပြင်ပစ္စည်းတွေဝယ် အဝတ်အစားတွေဝယ် စိတ်ကူးပေါက်သမျှလိုက်ဝယ်စားနဲ့ဆိုရင် လွယ်လွယ်လေးနဲ့ ကုန်နိုင်ပါတယ်နော်။ ယောက်ျားလေးဆိုတာမျိုးကလည်း ပြောစရာကိုမလိုပါဘူး။ ပိုက်ဆံသာလက်ထဲထည့်ပေးလိုက်ဘယ်လို သုံးရမလဲပဲစိတ်ကူးတတ်တဲ့သူမျိုးတွေဆိုတော့ ကိုယ့်ကောင်လေးကို ကိုယ်ကိုယ်တိုင်ပဲ အသုံးအစွဲတတ်အောင်စီစစ်ပေးနေမှာရမှာပါနော်။ ကိုယ်တိုင်ကအသုံးကြမ်းနေလို့မရပါဘူး။

Photo Source: Pngtree

(၄) အလုပ်ပြောင်းပါ။ လစာနည်းတဲ့အလုပ်ကိုပဲလုပ်နေရရင် ဘယ်တော့မှပိုက်ဆံစုမိမှာမဟုတ်ပါဘူး။ သိထားဖို့တစ်ခုကတော့ ဒီလိုခေတ်မျိုးမှာ ဘယ်လိုအိမ်မက်မျိုးပဲမက်မက် မက်တဲ့အိမ်မက်တိုင်းက ဈေးကြီးပါတယ်နော်။ ဒီအတွက် လစာနည်းနည်းပဲရတဲ့ အလုပ်တွေမှာ အတွေ့အကြုံရယုံသာလုပ်ပြီးတော့ လိုအပ်ချက်တွေပြည့်စုံရင် လစာများတဲ့အလုပ်ကိုပြောင်းပါ။ ဒါဆို နှစ်ယောက်အတူ ပိုက်ဆံတွေကိုပိုစုနိုင်မှာပါနော်။

Photo Source: Pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။