ပရိသတ်အချစ်တော် မင်းသမီးချောလေး ထက်ထက်မိုးဦးကတော့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်တာကြောင့် အရင်လိုပဲ အနုပညာအလုပ်တွေကို တဖြည်းဖြည်းချင်း လုပ်ကိုင်လာနေပြီ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးမှု မရှိသေးပေမယ့် ကြော်ငြာလေးတွေ ပြန်လည်ရိုက်ကူးလာရတဲ့ ထက်ထက်မိုးဦးက ပွဲအခမ်းအနားတွေလည်း ဆက်တိုက်ဆိုသလို တက်ရောက်နေရတာ ဖြစ်ပါတယ်။

Photo Credit-Myo Minn Soe's Facebook
Photo Credit-Myo Minn Soe's Facebook

ဒီရက်ပိုင်းမှာတော့ ထက်ထက်မိုးဦးတစ်ယောက် ဒီဇိုင်နာမျိုးမင်းစိုးနဲ့အတူ ကြော်ငြာအသစ်လေးတွေ ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ ထက်ထက်နဲ့ မျိုးမင်းစိုးတို့ကတော့ နှစ်ယောက်အတူတူဆုံတွေ့ချိန်တိုင်းမှာ မကြာခဏဆိုသလို Tik Tok ဗီဒီယိုလေးတွေ ရိုက်ကူးလေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း ထက်ထက်မိုးဦးနဲ့ ဒီဇိုင်နာမျိုးမင်းစိုးတို့က " မမ " သီချင်းလေးတစ်ပုဒ်နဲ့ Tik Tok ကစားခဲ့ကြပါတယ်။

Photo Credit-Myo Minn Soe's Facebook
Photo Credit-Myo Minn Soe's Facebook
Photo Credit-Myo Minn Soe's Facebook

ဒီဗီဒီယိုလေးမှာတော့ ထက်ထက်မိုးဦးက မျက်မှန်လေးတစ်လက်တပ်ပြီး စတိုင်အပြည့်နဲ့ သရုပ်ဆောင်ပြထားတာ ဖြစ်ပါတယ်။ မမအဖြစ် သရုပ်ဆောင်ထားတဲ့ ထက်ထက်ရဲ့အိုက်တင်အမူအရာလေးတွေကတော့ အရင်တုန်းကလို ချစ်ဖို့ကောင်းနေဆဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ထက်ထက်မိုးဦးနဲ့ ဒီဇိုင်နာမျိုးမင်းစိုးရဲ့ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Myo Minn Soe's Facebook

Photo Credit-Myo Minn Soe's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။