(၁) လျှော်ပြီးရင် ရေသေချာညှစ်ပါ။

ရေကျန်တဲ့အဝတ်တွေဟာ ခြောက်ဖို့အရမ်းခက်ပါတယ်နော်။ ဒီလိုစိုစွတ်တဲ့မိုးရာသီမျိုးမှာ နေ့မကူးဘဲ အဝတ်တွေကိုခြောက်စေချင်ရင်တော့ ရေကိုသေချာ ညှစ်ပြီးတော့မှ လှမ်းဖို့အရေးကြီးပါတယ်နော်။ လျှော်ပြီးတာနဲ့ အိမ်ထဲတန်းမထည့်ဘဲ အပြင်တန်းမှာရေစစ်အောင် မိနစ် ၂၀ လောက်ထားပြီး ရေစစ်တဲ့အချိန်မှအိမ်ထဲထည့်လှမ်းပါ။ 

Photo Source: Pngtree

(၂) လေများများတိုက်တဲ့ ပြတင်းပေါက်နားမှာ စင်နဲ့သေချာလှမ်းပါ။

လေဝင်လေထွက်ရရင် ပိုပြီးတော့အခြောက်မြန်ပါတယ်နော်။ စင် ဒါမှမဟုတ်ရင် တန်းထိုးပြီး ပြတင်းပေါက်နားမှာလှမ်းခြင်းက အဝတ်တွေကို ခြောက်သွေ့တာမြန်ဆန်စေပါတယ်နော်။ ဒါ့အပြင် တန်းနဲ့လှမ်းရင်လည်း အမြန်ခြောက်ဖို့ အဝတ်ညှပ်ကလစ်တွေကို အသုံးပြုပေးသင့်ပါတယ်နော်။ ဒါပေမယ့် ပြတင်းပေါက်နဲ့ ကပ်ပြီးတော့ ဘယ်တော့မှမလှမ်းမိပါစေနဲ့နော်။ မခြောက်တဲ့ အပြင် မိုးပက်ပြီး စိုရွဲနေမှ အခက်တွေနေပါလိမ့်မယ်။

Photo Source: Pngtree

(၃) တဘတ်ခပ်ကြီးကြီးကိုသုံးပါ။

အပေါ်ကအချက်တွေကတော့ သာမန် ရိုးကျ အဝတ်လှမ်းနည်းတွေပဲဖြစ်ပြီးတော့ ဒီတစ်ခုကတော့ အဝတ်အမြန်ခြောက်အောင်ပြုလုပ်နိုင်မယ့်နည်းလမ်းပဲဖြစ်ပါတယ်။ တဘတ်ထဲကို ရေသေချာညှစ်ပြီးစစ်ထားတဲ့ အဝတ်ကို ဖြန့်ပြီးထည့်ကာ သေချာဖိပြီး လိပ်လိုက်ပါ။ ဒီလိုလုပ်တာဟာ အဝတ်ထဲကရှိတဲ့ရေတွေကို နည်းနည်းပါးပါးတောင်မကျန်စေဘဲညှစ်ထုတ်ပစ်လိုက်တဲ့အတွက် လှမ်းပြီးသိပ်မကြာခင် ခြောက်သွားပါလိမ့်မယ်။ ဒါမှမဟုတ် ရေညှစ်ထားတဲ့အဝတ်ကို ကြားကနေတဘတ်ခံပြီး မီးပူတိုက်ရင်လည်း အခြောက်မြန်ပါတယ်နော်။

Photo Source: Pngtree

(၄) Hairdryer ကိုသုံးပြီး ခြောက်အောင်လုပ်ပါ။

ဒါကတော့ မိနစ်ပိုင်းအတွင်းမှာ တီရှပ်တို့ စပို့ရှပ်တို့လိုအခြောက်လွယ်တဲ့ အဝတ်အစားတွေကို အလျင်အမြန်ပဲ ခြောက်စေနိုင်ပါတယ်နော်။ အလျင်လိုတဲ့အဝတ်အစားတွေ ဘာတွေဆိုရင်တော့ မှိုနံ့လည်းမထွက်သလို စိုထိုင်းထိုင်းအနံ့လည်း မထွက်အောင် Dryerသုံးပြီး အခြောက်ခံလို့ရပါတယ်နော်။ မီးပူတောင်တိုက်စရာမလိုပဲ အဝတ်အစားပြန့်ပြန့်လေးတွေကိုလည်း Dryerကျေးဇူးနဲ့ရနိုင်ပါသေးတယ်။

Photo Source: Pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။