မြန်မာ့လက်ဝှေ့လောကကို စတင်ဝင်ရောက်ထိုးသတ်တော့မယ့် ဗြိတိန်သူ မြန်မာ့ကိုယ်စားပြုဖိုက်တာမလေး Nicola the Burmese Python ကိုတော့ အားလုံးလည်း သိပြီဖြစ်မယ်ထင်ပါတယ်။ မွေထိုင်းနဲ့ ကစ်ဘောက်ဆင်နယ်ပယ်မှာ ပရော်ဖက်ရှင်နယ်ပွဲတွေထိုးသတ်ခဲ့ဖူးသူတစ်ယောက်ဖြစ်ပြီး ဆုတံဆိပ်များစွာရရှိခဲ့ဖူးသူတစ်ယောက်ပဲဖြစ်ပါတယ်။ Nicola the Burmese Python ကတော့ မြန်မာနိုင်ငံကပြုလုပ်တဲ့ WLC(World Lethwei Championship) ပြိုင်ပွဲကြီးကို ဝင်ရောက်ထိုးသတ်ဖို့စီစဉ်ခဲ့ပြီး မကြာမီမြန်မာနိုင်ငံသို့လာရောက်ထိုးသတ်တော့မှာဖြစ်ကြောင်း သိရပါတယ်။   

pHOTOS CREDIT - MYANMAR LETHWEI COLLECTION'S FB ACCOUNT
pHOTOS CREDIT - MYANMAR LETHWEI COLLECTION'S FB ACCOUNT

လက်ရှိ Nicola the Burmese Python ပါဝင်ထိုးသတ်မယ့် ပြိုင်ပွဲနဲ့ပတ်သက်ပြီး ပြိုင်ပွဲ ပွဲစဉ်ဇယားကတော့ တရားဝင်ထွက်ရှိခဲ့ပါပြီ။ အဆိုပါ ပြိုင်ပွဲကတော့ လာမည် အောက်တိုဘာလ ၄ ရက်နေ့မှာ မန္တလေးမြို့ရှိ မန္တလာသီရီအားကစားရုံတွင်ကျင်းပပြုလုပ်မှာဖြစ်ပြီး မြန်မာနာမည်ကြီးဖိုက်တာများစွာနဲ့အတူ ပြည်ပဖိုက်တာတွေကိုပါ ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။  

pHOTOS CREDIT - MYANMAR LETHWEI COLLECTION'S FB ACCOUNT
pHOTOS CREDIT - MYANMAR LETHWEI COLLECTION'S FB ACCOUNT

အဆိုပါ ပြိုင်ပွဲမှာ Nicola the Burmese Python ကတော့ Hungary နိုင်ငံသူ BIANKA BALAJTI နဲ့ ထိုးသတ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ၎င်းပြိုင်ပွဲကြီးမှာ အဓိကတွဲဆိုင်းဖြစ်တဲ့ သွေးသစ်ဝင်းလှိုင် (ရွှေခါးပတ်ချန်ပီယံ) နှင့် ဘရုလက် (ဂျာမနီ) Burutlek Petchyindee Academy တို့အပြင် ပြည်တွင်း ဖိုက်တာတွေဖြစ်တဲ့ ဖျံသွေး နဲ့ ရွှေရာမာန်တွဲဆိုင်း၊ သပြေညိုနဲ့ ရန်နိုင်ထွန်တွဲဆိုင်း၊ ရဲသွေးနီ နဲ့ စောမင်းမင်းတွဲဆိုင်းတို့အပြင် အခြား ပွဲကောင်းများစွာလည်း ပါဝင်နေကြောင်း သိရပါတယ်။ ပရိသတ်အကြိုက်မြန်မာ့လက်ဝှေ့ပွဲကောင်းများစွာပါဝင်နေတဲ့ FEARLESS TIGERS ပွဲကြီးကို မျှဝေပေးလိုက်ပါတယ်။

pHOTOS CREDIT - MYANMAR LETHWEI COLLECTION'S FB ACCOUNT 

pHOTOS CREDIT - MYANMAR LETHWEI COLLECTION'S FB ACCOUNT

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။