ပြည်သူချစ်အနုပညာရှင်တွေဖြစ်ကြတဲ့ ရွှေထူးနဲ့ရွှေမှုံတို့ဇနီးမောင်နှံဟာဆိုရင် တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြလို့ အောင်မြင်နေတဲ့အချိန်မှာ ရဲရဲဝံ့ဝံ့လက်ထပ်လိုက်ကြတာပဲဖြစ်ပါတယ်။ရွှေထူးနဲ့ရွှေမှုံတို့ရဲ့ အိမ်ထောင်သက်တမ်းလေးကလည်း ၁၁လကျော်ရှိနေပြီဖြစ်ပြီး တစ်နေ့ထက်တစ်နေ့ ပိုပိုတိုးပြီးချစ်လာကြကာ အေးအတူပူအမျှနေထိုင်နေကြတာပါနော်။

Photo Credit:Haw
Photo Credit:Haw
Photo Credit:Haw

ရွှေမှုံလေးကလည်း ချစ်ခင်ပွန်းကို ဇနီးတစ်ယောက်ရဲ့ ဝတ္တရားမှန်သမျှကို အကုန်ကျေပြွန်ပြီး ရွှေထူးဇာတ်ကားတွေရိုက်ရင်လည်း ဘေးနားကနေ အကြံဉာဏ်တွေပေးတဲ့သူဖြစ်ပါတယ်။ရွှေထူးကတော့ ကလေးလေးလိုချွဲတတ်တဲ့ ရွှေမှုံလေးစိတ်ကောင်းတိုင်း မငြီးမညူနဲ့ အမြဲတမ်းချော့မောပြီး ရိုဆန်တဲ့အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပါနော်။

Photo Credit:Haw
Photo Credit:Haw
Photo Credit:Haw

အရမ်းလိုက်ဖက်ညီလွန်းတဲ့ ရွှေထူးနဲ့ရွှေမှုံတို့စုံတွဲလေးကို ပရိသတ်တွေကလည်း အရမ်းချစ်ကြပြီး တစ်ခဲနက်ကိုအားပေးဝန်းရံကြတာပါနော်။ရွှေမှုံလေးကတော့ ယောကျ်ားရသွားပေမယ့်လည်း အမြဲတမ်းလှလှပပနေပြီး ချစ်စရာကောင်းနေတဲ့သူပါ။အခုဆိုရင်လည်း ပရိသတ်တွေအံ့အားသင့်သွားရမယ့် အမိုက်စားပုံရိပ်တွေကို ထုတ်ပြလိုက်တာဖြစ်လို့ ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Haw
Photo Credit:Haw
Photo Credit:Haw

Source:Shwe Mhone Yati's Facebook

Photo Credit:Haw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။