၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် စက်တင်ဘာလ ၁၀ရက် ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားမည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် ဂျပန်လက်ရွေးစင်အသင်းတို့၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို စက်တင်ဘာလ ၉ရက် နေ့လည်၂နာရီ ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

photo credit :MFF' s facebook
photo credit :MFF' s facebook

ဂျပန်လက်ရွေးစင်အသင်းနည်းပြချုပ်ဟာဂျီမီ မိုရီရာစု ကတော့" မြန်မာအသင်းရဲ့ ကစားပုံကို မွန်ဂိုလီးယားအသင်းနဲ့ ပွဲစဉ်က ဗီဒီယိုကိုကြည့်ပြီး လေ့လာထားပါတယ်။ မနက်ဖြန်ကစားမယ့်ပွဲစဉ်က ဂျပန်အသင်းရဲ့ အဖွင့်ပွဲစဉ်ဖြစ်တာကြောင့် ကျွန်တော်တို့ သေချာပြင်ဆင်ထားပါတယ်။ ကမ္ဘာ့ဖလားခြေစစ်ပွဲရဲ့ အုပ်စု(F)မှာ ပါတဲ့ အသင်းတိုင်းဟာ ပြိုင်ဘက်ကောင်းတွေဖြစ်တာကြောင့် မြန်မာအသင်းကလည်း အသင်းကောင်းတစ်သင်းဖြစ်ပါတယ်" ဆိုပြီး ပြောထားခဲ့ပါတယ်။

photo credit :MFF' s facebook
photo credit :MFF' s facebook

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်ဖြစ်တဲ့ မီရိုဒရပ် ရာဂျူလိုဗစ် ကတော့ မွန်ဂိုလီးယားကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ မြန်မာအသင်းရဲ့ ကစားပုံက စင်ကာပူအသင်းနဲ့ ကစားတဲ့ပွဲက ခြေစွမ်းထက် ပိုမိုကောင်းပါတယ်။မနက်ဖြန် ယှဉ်ပြိုင်ကစားရမယ့် ဂျပန်အသင်းက ထိပ်တန်းကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းကောင်းဖြစ်ပေမယ့် မြန်မာပရိသတ်တွေကျေနပ်မယ့် ရလဒ်ထွက်အောင် စွမ်းဆောင်သွားမှာဖြစ်ပါတယ် "ဆိုပြီးပြောထားခဲ့ပါတယ်။

photo credit :MFF' s facebook
photo credit :MFF' s facebook

ဇော်မင်းထွန်းကတော့ " ဂျပန်အသင်းနဲ့ ကစားမယ့်ပွဲစဉ်က မြန်မာအသင်းအတွက် အရေးပါတဲ့ ပွဲစဉ်ဖြစ်တာကြောင့် တစ်သင်းလုံး ညီညီညွတ်ညွတ်နဲ့ ကြိုးစားသွားမှာပါ။ ရရှိလာမယ့် အခွင့်ရေးကို အကောင်းဆုံးကြိုးစားသွားမှာပါ "ဆိုပြီး ပြောထားခဲ့ပါတယ်။

source:MFF 's facebook

photo credit :MFF' s facebook
photo credit :MFF' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။