ထပ်ဆင့်အကယ်ဒမီဆုရှင်ဖြစ်တဲ့ အိန္ဒြာကျော်ဇင်ကတော့ မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲမင်းသမီးစာရင်းမှာ ထိပ်ဆုံးကနေပါဝင်တာ ဖြစ်ပါတယ်။ အလှအပနဲ့ပတ်သက်ရင်လည်း မိန်းကလေးအချင်းချင်းတောင် လည်ပြန်ငေးရလောက်အောင် လှနိုင်လွန်းတဲ့ အိန္ဒြာကျော်ဇင်က ဖက်ရှင်ဘုရင်မလို့တောင် တင်စားခေါ်ဝေါ်ခြင်းခံရသူလေး ဖြစ်ပါတယ်။

Photo Credit -LiJohn Li Photography
Photo Credit -LiJohn Li Photography
Photo Credit -LiJohn Li Photography
Photo Credit -LiJohn Li Photography
Photo Credit -LiJohn Li Photography

အခုလည်း အိန္ဒြာကျော်ဇင်က '' ရူးအောင်ချစ်မယ့်လူ '' ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ''Press Show'' ပွဲကို ခမ်းနားလှပတဲ့ဖက်ရှင်နဲ့ တက်ရောက်ခဲ့ပါတယ်။ အဖြူရောင်ဝတ်စုံနဲ့ အနီရောင်ကော်ဇောထက်မှာ ထင်းကနဲနေအောင် ပေါ်လွင်နေတဲ့ အိန္ဒြာကျော်ဇင်ရဲ့အလှကတော့ တကယ့်ကိုရှုမငြီးလောက်အောင်ပါပဲနော်။ အိန္ဒြာကျော်ဇင်က ဒီပွဲလေးကို တူမချောလေး မေတိုးခိုင်နဲ့အတူ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit -LiJohn Li Photography
Photo Credit -LiJohn Li Photography
Photo Credit -LiJohn Li Photography
Photo Credit -LiJohn Li Photography
Photo Credit -LiJohn Li Photography
Photo Credit -LiJohn Li Photography

အခုလည်း အိန္ဒြာကျော်ဇင်က ''မနေ့ညက တက်ဖြစ်တဲ့ "ရူးအောင်ချစ်မယ့်လူ" Red Carpet Show လေးမှာပါ...စက်တင်ဘာလ (၁၂)ရက်နေ့ဆို ရုံတင်ပါပြီ..အူဝဲရဲ့ တူမလေး မေတိုးခိုင်လည်း ပါဝင်ထားတာဖြစ်လို့ ကြည့်ရှုဝေဖန်ပေးကြပါဦးနော်..'' ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော အိန္ဒြာကျော်ဇင်ရဲ့ပွဲတက်အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source:Eaindra Kyaw Zin's FB

Photo Credit -LiJohn Li Photography 

Photo Credit -LiJohn Li Photography
Photo Credit -LiJohn Li Photography
Photo Credit -LiJohn Li Photography
Photo Credit -LiJohn Li Photography
Photo Credit -LiJohn Li Photography
Photo Credit -LiJohn Li Photography
Photo Credit -LiJohn Li Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။