ပုထုဇဉ်လူသားတိုင်း အလွမ်း၊ အဆွေး၊ ပူပန်သောကတွေနဲ့ ကင်းဝေးကြမှာမဟုတ်ပါဖူးနော်...။ ဘယ်လိုပဲစိတ်ခံစားချက်ပဲဖြစ်ဖြစ် အကြာကြီးကိုယ့်ရင်ထဲမှာ မနှစ်ထားဘဲ မေ့ဖျောက်ရဖို့ လိုအပ်တာဖြစ်ပါတယ်...။ အပေါ်ယံခံစားချက်တွေက မေ့ဖျောက်ရဖို့ လွယ်ကူပေမယ့် အချို့လေးနက်တဲ့ ခံစားချက်တွေက မေ့ပစ်ဖို့ခက်ခဲတာဖြစ်ပါတယ်...။

photo credit pngtree

ဒီလိုခံစားချက်တွေကို ကြုံဖူးတဲ့သူတိုင်းသိကြမှာပါ...။ ဥပမာ ကိုယ်ချစ်ရတဲ့ တစ်စုံတစ်ယောက်က အဝေးကိုထွက်သွားတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ကိုယ့်ကိုထားသွားတာပဲဖြစ်ဖြစ်၊ နောက်ဆုံး ဆုံးပါးသွားတဲ့အခါမှာ မျက်ရည်ပင်လင်ထဲဝယ် ပူဆွေးသောကရောက်ကြရတဲ့ အလွမ်းခံစားချက်ကို လူသားတိုင်းသိရှိကြမှာဖြစ်ပါတယ်...။

photo credit pngtree

မိသားစုကို လွမ်းတာမျိုး၊ ဆွေးမျိုးသားချင်းကို လွမ်းတာမျိုး၊ မိတ်ဆွေသူငယ်ချင်းကိုလွမ်းတာမျိုး စတဲ့ နက်နက်ရှိုင်းရှိုင်းအလွမ်းတွေထဲကမှ ကိုယ့်ရဲ့ချစ်သူကို လွမ်းတဲ့အခါ မေ့လျော့အောင် ဘယ်လိုကုစားမလဲဆိုတာ အကြံဉာဏ်ပေး ပြောပြသွားမှာပါ...။ မိမိရဲ့ချစ်သူက အလုပ်နဲ့ခရီးသွားနေရတာပဲဖြစ်ဖြစ်၊ Long distance relationship တွေပဲဖြစ်ဖြစ် တစ်ဦးနဲ့ တစ်ဦး အပေါ် နားလည်မှုအပြည့်အဝထားရမှာဖြစ်ပြီး သတိတရ လွမ်းဆွတ်တဲ့ အခါမှာ နားလည်ယုံကြည်မှုတွေနဲ့ ပြန်လည်ဖြေသိမ့်ရမှာဖြစ်ပါတယ်...။

photo credit pngtree 

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။