ဟိုးအရင်ကတည်းက ပရိသတ်တွေကြားရေပန်းစားခဲ့ပြီး ယနေ့အချိန်ထိ ပရိသတ်တွေရဲ့အချစ်ကိုရရှိထားတဲ့ လင်းဇာနည်ဇော်ကတော့ ကိုယ်တိုင်လည်း ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ကိုင်သလို ဇာတ်ကားတွေမှာလည်းပါဝင်ရိုက်ကူးနေပါသေးတယ်နော်။ချစ်အစ်မကြီး ချစ်ချစ်ဇော်နဲ့အတူ "ရွှေခေါက်ဆွဲ"စီးပွားရေးလေးကိုလည်း တစ်နိုင်တစ်ပိုင်လုပ်ကိုင်နေတာဖြစ်ပါတယ်။

Photo Credit:Lin Zarni Zaw's Facebook
Photo Credit:Lin Zarni Zaw's Facebook
Photo Credit:Lin Zarni Zaw's Facebook

လင်းဇာနည်ဇော်တို့ညီအစ်မနှစ်ယောက်ကတော့ ဘယ်အရာမဆို ကိုယ့်အားကိုယ်ကိုးပြီး ရဲရင့်သန်မာစွာရပ်တည်နေကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ လင်းဇာနည်ဇော်က"ကလေးဘဝလေးကိုသတိရမိတယ် ..အိမ်နားမှာကျောင်းရှိတယ် ကျောင်းရဲ့နောက်မှာချောင်းကလေးရှိတယ် ..အိမ်ကလူကြီးတွေက လျှောက်လည်-လျှောက်ဆော့တာမကြိုက်ဘူးလေ.

Photo Credit:Lin Zarni Zaw's Facebook
Photo Credit:Lin Zarni Zaw's Facebook
Photo Credit:Lin Zarni Zaw's Facebook

ဘယ်ရမလဲ အလစ်ချောင်းပီး.အဲ့ဒီချောင်းထဲမှာ သူငယ်ချင်းတွေနဲ့ငါး/ပုဇွန်လေးတွေဖမ်း-ပိန်းဖက်လေးတွေပေါ်ရေထည့်ပြီးဖမ်းရတာလေးတွေကိုတင်.ဝအောင်ကြည့်ပီးပြန်လွှတ်..ပျော်လိုက်တာ..ကလေးဘဝကပါတစ်နေ့တော့အိမ်ရှေ့အိမ်ခိုးလည်ပြီးအဆော့ကောင်းတာ ..ခွေးကိုက်ခံရတယ်လေအဲ့အတွက်မလန့်အားဘူူးလူကြီးတွေသိမှာတွေးပြီးကြောက်တာ.ကုတ်ကုတ်လေးအိမ်ပြန်.အနာမရင်းအောင် ဆန်တွေဝါးပြီးနေ့တိုင်းသိတ်ခဲ့ရတာ.မမေ့နိုင်စရာလေးတွေပါ "ဆိုပြီး ရေမြောင်းထဲမှာ ငါး၊ပုဇွန်တွေ ပျော်ရွှင်စွာလိုက်ဖမ်းနေတဲ့ပုံရိပ်လေးတွေကို မျှဝေလာပါတယ်နော်။

Photo Credit:Lin Zarni Zaw's Facebook
Photo Credit:Lin Zarni Zaw's Facebook
Photo Credit:Lin Zarni Zaw's Facebook

Photo Credit:Lin Zarni Zaw's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။